ရုံးပိတ်ရက်လည်းဖြစ်တယ်။ ၈၈၈၈ နှစ်ပတ်လည်နေ့လည်းဖြစ်တယ်။ ဒါကြောင့် ကိုယ်စီကိုယ်ငှ လှုပ်ရှား မှုလေးတွေပြုလုပ်ကြတာတွေ့ရတယ်။ စစ်ကောင်စီကို တတ်နိုင်သမျှဆန့်ကျင်နေကြတယ်။ တစ်ချို့က တော့ စစ်ခွေးတွေရဲ့ နိုင်ထက်စီးနင်းပြုလုပ်နေတဲ့ခံစားချက်ကို ဆိုရှယ်မီဒီယာပေါ်မှာဝေမျှတယ်။ တစ်ချို့ ကတော့ ပြောက်ကျားသပိတ်မှာပါဝင်ဆင်နွဲတယ်။ ပြည်ပကလူတွေကတော့ အထိမ်းအမှတ်ပွဲလေးတွေ လုပ်ကြတာတွေ့တယ်။ ဒီနေ့ ရန်ကုန်မြို့တစ်ဝိုက်မှာ စစ်ခွေးတွေလှည့်လည်သွားလာနေတာတွေခပ်စိပ် စိပ်တွေ့ရတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...