မအလရဲ့ခွေးတွေဟာ စစ်ယူနီဖောင်းအစားအရပ်ဝတ်တွေဝတ်ပြီး ပြည်သူတွေကြားမှာ လှည့်ပတ်သွား လာနေတယ်။ သူတို့ကိုဆန့်ကျင်တယ်လို့ထင်တဲ့သူမှန်သမျှကို ဉပဒေမရှိ၊ အမေးအမြန်းမရှိဘဲ ရုတ်တရက် ဖမ်းဆီးတယ်။ မထင်ရင်မထင်သလိုနှိပ်စက်တယ်။ သူတို့ပါးစပ်ဟာ မြန်မာနိုင်ငံရဲ့ဉပဒေပဲ။ ပြည်သူတွေ ဟာ သူတို့ရဲ့အကျင့်ယုတ်မှုကိုအလူးအလဲခံစားနေကြရတုန်းပဲ။ ရန်ကုန်မှာ ပြောက်ကျားသပိတ်တွေလုပ် နေကြသလို မြန်မာနိုင်ငံတစ်ဝန်းမှာလည်း စစ်ခွေးတွေကို တော်လှန်နေကြတုန်းပဲ။ တော်လှန်ရေးဟာ တစ်စက်ကလေးမှ လျော့မသွားဘူး။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...