ဩဂုတ်လ ၃ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာ နာရီပေါင်းများစွာ ကြာအောင်တစ်ဖက်သတ်ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေသုံးပြီးပစ်ခတ်တာလို့ ဆို ရှယ်မီဒီယာပေါ်မှာ အခိုင်အမာပြောဆိုဝေမျှကြတယ်။ ဓါတ်ပုံတွေလည်းတက်လာတယ်။ ဒေသခံတွေက အိပ်လို့မရလောက်အောင် အသံတွေကြားရကြတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်အားကိုးနဲ့အနိုင် ကျင့်စော်ကားနေတာ ခြောက်လကျော်လာပြီ။ ပြည်သူတွေကလည်း အလူးအလှိမ့်ခံစားနေကြရတုန်းပဲ။ ဘဝပေါင်းများစွာ သေကြေပျက်စီးပြီးပြီ။ သူတို့ မရပ်နိုင်သေးဘူးလား။ ဘုရားက သူတို့ကို ဒဏ်မခတ်သေး ဘူးလား။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...