မန္တလေးမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်မှုတွေခပ်စိပ်စိပ်လုပ်နေတယ်။ မန္တလေးမြို့ရဲ့လမ်းမပေါ် မှာ သွားလာနေသူတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ငွေတောင်းခံခြင်း၊ ရိုက်နှက်ခြင်းတို့နဲ့ရင်ဆိုင်နေရ တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ဆိုင်ကယ်နဲ့သွားလာနေတုန်း သူ့ဆိုင်ကယ်ကိုတားဆီး ပြီး နောက်ဖုံးဖွင့်ခိုင်း၊ ဟိုစစ်ဆေး၊ ဒီစစ်ဆေးလုပ်တာခံခဲ့ရတယ်။ လက်နက်တွေသယ်ဆောင်တာမျိုးရှိမရှိ စစ်ဆေးတာထင်တယ်လို့သူကတော့ပြောတယ်။ တစ်ချို့နေရာတွေမှာတော့ ငွေတောင်းတာမျိုးတွေရှိ တယ်။ သူတို့ဟာ သူတောင်းစားလည်းလုပ်သလို သူခိုး၊ လူဆိုးအလုပ်ကိုလည်းလုပ်တယ်။ မကောင်းသော အကျင့်စရိုက်တွေအားလုံးကိုကို စစ်ခွေးတွေက အစုလိုက်အပြုံလိုက်ပိုင်ဆိုင်ထားကြတာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


