နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခု မြန်မာနိုင်ငံကို စွန့်ခွာခဲ့တာ တော်တော်နှမြောစရာကောင်းတယ်။ မြန်မာ နိုင်ငံမှာ အာဏာသိမ်းပြီးနောက် ကောင်းလာတာဆိုလို့ တစ်ခုမှ မရှိဘူး။ စစ်တပ်ဆိုတာလည်း အောက် တန်းစားထက်တစ်ဆင့်နိမ့်ကျတဲ့ ခွေးစုတ်ခွေးနာမျိုးတွေဖြစ်သွားတယ်။ စစ်ခွေးတွေဆို ရွံကြောက်ကြီး အဖြစ်နဲ့ ပြည်သူလူထုက အော့နှလုံးနာကြတယ်။ စစ်တပ်ဟာ မြန်မာပြည်သူလူထုကို တစ်ခါမှကောင်း ကျိုးပေးခဲ့တာမရှိဘူး။ စစ်ခေါင်းဆောင်တွေရဲ့ အာဏာရူးမှု မျက်နှာပြောင်တိုက်မှုကြားထဲမှာ ပြည်သူတွေ ဟာ အလူးအလိမ့်ခံစားနေကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


