Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဝန်ကြီးချုပ်ရာထူးယူကာ အိမ်စောင့်အစိုးရဖွဲ့လိုက်သည့် ဗိုလ်ချုပ်မှူးကြီး၏ ခြေလှမ်း

တပ်တွင်းပြိုကွဲမှုကို ထိန်းရန်ကြိုးပမ်းသည့် နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်ကြောင်း NUG အစိုးရအဖွဲ့၏ တရားရေးဝန်ကြီးက ဆိုသည်

August 4, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

Myanmar Now
Published on Aug 1, 2021
ခြောက်လကြာ အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးနှင့် ပြည်တွင်းပြည်ပဖိအားများကို ရှောင်လွှဲနိုင်ရန် နိုင်ငံရေးလှည့်ကွက်အသစ်များ ထုတ်ဖော်လိုက်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လအထိ အာဏာဆက်သိမ်းထားမည်ဟု အဓိပ္ပာယ်ရသည့် မိန့်ခွန်းကို အာဏာသိမ်းစစ်ခေါင်းဆောင်က ယနေ့ (ဩဂုတ် ၁) နံနက်ပိုင်းတွင် ပြောကြားပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားခြင်းကို ဗြောင်ကျကျလှည့်စားနိုင်ရန် အရပ်သားအစိုးရအဖွဲ့အသွင်ယူမည့် ထိုအိမ်စောင့်အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ စစ်တပ်ဒုတိယအကြီးအကဲက ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ယူမည်ဖြစ်သည်။

ရွေးကောက်ပွဲအရန်သင့်ဖြစ်မှသာ အိမ်စောင့်အစိုးရကို ဖွဲ့စည်းရခြင်းဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီက ကိုယ့်သဘောဖြင့်ကိုယ် ထိုသို့ဖွဲ့စည်းခြင်းမှာ လှည့်ဖျားခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်။

“မရှိတဲ့ဟာတွေကို သူတို့စိတ်ထဲမှာ ရှာကြံပြီးလျှောက်လုပ်တာ၊ Failed State (ကျရှုံးနိုင်ငံ) ဖြစ်နေပြီ။ တပ်ထဲမှာလည်းပဲ တပ်က ပြိုနေတဲ့အနေအထားဖြစ်နေပြီ။ သူ့တပ်ကို သူပြန်လှည့်ဖျားတာပေါ့။ ရွေးကောက်ပွဲလုပ်ချင်လို့ မဟုတ်ဘဲ တပ်ကို ထိန်းချင်လို့လုပ်နေတဲ့ အနေအထားပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီး နောက်တစ်ရက်တွင် တစ်နှစ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ဦးစားပေးဆောင်ရွက်မည်ဟု ဆိုခဲ့သော်လည်း ယနေ့တွင် ရွေးကောက်ပွဲပြန်လုပ်ရန် အချိန်နှစ်နှစ်ခွဲကြာမည်ဖြစ်ကြောင်း လေသံပြောင်း ပြောကြားခဲ့သည်။

အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် စစ်ကောင်စီက အိမ်စောင့်အစိုးရဟု ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ၂၀၁၀ နောက်ပိုင်းကတည်းက အစိုးရအဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားကို စောင့်ကြည့် လေ့လာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အစိုးရရယ်လို့ နှစ်ရှည်လများလုပ်ဖို့ သေချာသွားပြီး။ အရပ်ဝတ်နဲ့ အုပ်ချုပ်မယ့်ပုံစံကို ပြတယ်။ တတ်နိုင်သလောက် အာဏာကို ရှည်နိုင်သလောက် ရှည်ရှည်ဆွဲဆန့်ပြီးတော့ သွားချင်တဲ့သဘောမျိုးပြတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် လာမည့်စက်တင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ကုလသမ္ဂအထွေထွေညီလာခံတွင် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အတည်ပြုခန့်အပ်ရေး စိန်ခေါ်မှုရှိနေသည့်အတွက်လည်း ထိုသို့ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ယူဆသည်။

“ကုလညီလာခံမှာ ဦးကျော်မိုးထွန်းရဲ့နေရာကို သူတို့စိန်ခေါ်ရမှာ ရှိတယ်။ ဦးကျော်မိုးထွန်းက NUG ကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီးဖြစ်နေတယ်။ အဲဒါကို စိန်ခေါ်ဖို့ သူတို့ကြိုးစားမယ်။ လုပ်ငန်းစဉ်ထဲမှာ နိုင်ငံတော်အကြီးအကဲက စာရေးတင်ရမယ့်ဟာတွေ ရှိတယ်။ အဲဒါကြောင့် ဒီလိုလုပ်တာ” ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီက အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး အရပ်သားအစိုးရအသွင်ဖြင့် ရှေ့ခရီးဆက်နိုင်ရန် ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးခြောက်ဦးနှင့် ရှေ့နေချုပ်တစ်ဦးပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့သည်။ ရန်ကုန်နှင့် မန္တလေးတွင် မြို့တော်ဝန်ဖြစ်သူက ဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူမည့် စည်ပင်သာယာရေးဝန်ကြီးဌာန ထည့်သွင်းဖွဲ့စည်းမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလည်း တွေ့ရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို အမှတ် (၁) နှင့် အမှတ် (၂) ဟု ဝန်ကြီးဌာနနှစ်ခု ဖွဲ့စည်းပြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ကို သီးခြားစီ ပြန်လည်ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးအချို့ကို ဝန်ကြီးဌာန နေရာပြောင်းရွှေ့ခြင်း၊ ပူးတွဲခန့်အပ်ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များတွင် အသစ်ခန့်အပ်သူများပါဝင်သည်ကိုလည်း တွေ့ရသည်။

ယနေ့၌ပင် စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအချို့ကို နုတ်ထွက်ခွင့်ပြုခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက်က လူဟောင်းတချို့ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် စစ်တပ်မှ ဗိုလ်မှူးကြီးအအဆင့်ရှိသူများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊ တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီကို ဖွဲ့စည်းခဲ့ရာတွင် ထိပ်တန်းစစ်ဗိုလ်ကြီးအချို့ကို စစ်ကောင်စီ၊ တပ်မတော်တွင်နှင့် အစိုးရအဖွဲ့တွင် ခွဲခြားနေရာချထားခဲ့သည့်နည်းတူ ယခုဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရအဖွဲ့တွင်လည်း စစ်ကောင်စီအဖွဲ့ဝင်များနှင့် တပ်မတော်မှ အခြားဗိုလ်ချုပ်များ မပါဝင်သည်ကို တွေ့ရသည်။

သက်ရှိထင်ရှားရှိနေဆဲ စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပေဒကို အခါအားလျော်စွာ ကိုးကားပြောဆိုလေ့ရှိသည့် စစ်ကောင်စီ ယနေ့ အိမ်စောင့်အစိုးရဖွဲ့စည်းရာတွင် ဖွဲ့စည်းပုံကို ကိုးကားထားခြင်း မရှိပေ။
Source – Myanmar NOW
https://www.myanmar-now.org/mm/news/7659

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English