တာမွေမှာ ပြုလုပ်နေတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းတစ်ခုကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အဖြစ်အပျက်ဒီနေ့ ကြုံရတယ်။ လူတွေ သေလုမျောပါးဖြစ်ပြီး ရောဂါဘယထူပြောနေတဲ့အချိန် မှာတောင် အာဏာရှင်ကိုတွန်းလှန်သပိတ်စစ်ကြောင်းတွေလုပ်နိုင်တဲ့သူတွေကို လေးစားမိတယ်။ မင်း အောင်လှိုင်ရဲ့အမျိုးသမီး ကြူကြူလှက ကိုဗစ်ရောဂါခံစားနေရတယ်လို့သတင်းထွက်တယ်။ သူနဲ့ပတ် သက်တဲ့ကာတွန်းပုံလေးလည်းတွေ့ရတယ်။ မင်းအောင်လှိုင်က မီးသင်္ဂြိုလ်စက်တွေတည်ဆောက်နေတဲ့ အချိန်မှာ သူ့မိန်းမကကိုဗစ်ဖြစ်တယ်ဆိုတော့ သူ့မိန်းမအတွက်ရည်ရွယ်ပြီးဆောက်ပေးနေတာများလား လို့ စနောက်ပြောဆိုကြသေးတယ်။ ကျဆုံးနေတဲ့ မြန်မာနိုင်ငံကြီးမှာအသက်ရှင်ရတဲ့အခြေအနေက တော် တော်ကြီးဆိုးရွားနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


