ရန်ကုန်မှာ လူတစ်ချို့အလုပ်အကိုင်မရှိတော့ဘူး။ စားစရာမရှိတော့ဘူး။ နေစရာမရှိတော့ဘူး။ ဘဝတွေ ဟာ စုတ်ပြတ်သပ်နေကြပြီ။ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အထဲ ကုန်ဈေးနှုန်းတွေက မြင့်တက်နေ တယ်။ လူတွေဟာ ကိုဗစ်ကပ်ဘေး၊ အလုပ်အကိုင်မရှိတဲ့အဖြစ်၊ စားဝတ်နေရေးအဆင်မပြေတဲ့အခြေ အနေ၊ မအလရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်နေတဲ့ အန္တရယ်ကို အလူးအလဲခံစားနေကြရတယ်။ ဘယ်လို အခြေအနေမှာမှ လွတ်မြောက်နိုင်မလဲ မသိနိုင်ကြပေမယ့် တိုက်ပွဲဝင်ကြရတယ်။ လုံးဝအညံ့ခံ အလျှော့ ပေးလို့မဖြစ်ဘူးဆိုတာကို ကျွန်တော်တို့အားလုံးနားလည်ထားကြပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


