ပဲခူးနဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေတယ်။ ကိုဗစ်ကြောင့် သေဆုံးသူပေါင်းများစွာ ရှိလာပြီ။ အလောင်းတွေပုံနေပြီ။ ကျွန်တော့်အဒေါ်တစ်ယောက်ရော ဦးလေးတစ်ယောက်ရောဆုံးပါး သွားကြတယ်။ ကိုဗစ်ကြောင့် ဆိုတာထက် စစ်သူပုန်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုတာ အားလုံးက လက်ခံထားကြတယ်။ ဒီရက်ပိုင်း လူတွေသေဆုံးသွားကြရတာဟာ ကိုဗစ်ကြောင့်မဟုတ်ဘူး။ ကိုဗစ် ကို မထိန်းချုပ်တတ်တဲ့ မအလကြောင့်ပဲ။ သူတို့ဟာ တိုင်းပြည်ကိုအချောင်လိုချင်စိတ်ကလွဲလို့ အာဏာရူးတာကလွဲလို့ ကျန်တာဘာမှမလုပ်တတ်တဲ့ ဦးဏှောက်မရှိတဲ့ကောင်တွေပါပဲ။ ဒီတိုက်ပွဲဘယ် လောက်အထိရှည်ကြာဦးမလဲမသိပေမယ့် ပြည်သူတွေဖက်ကတော့ လုံးဝအလျှော့ပေးသွားမှာမဟုတ်ပါ ဘူး။ ဒီနေ့လည်း သံပုံးတွေတီးကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


