သံပုံးတီးသံတွေပြန်လည်ကြားရတဲ့နေ့။ ထောင်ထဲရောက်နေကြရတဲ့ သူတွေကနေစတင်ပြီး သံပုံးတီးတာ ဖြစ်တယ်။ ဒါကြောင့် အပြင်ကလူတွေကပါ သံပုံးပြန်တီးကြတယ်။ စစ်သူပုန်တွေကို သံပုံးတီးမောင်းထုတ် ကြတာပြန်လည်အသက်ဝင်လာတယ်။ ဒီစစ်ခွေးတွေ မြန်မြန်ဆင်းသွားကြဖို့ အပြိုင်အဆိုင်သာဆုတောင်း နေမိကြတယ်။ ရောဂါကြောင့် သေဆုံးသူများနေတုန်းပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


