မြို့နယ်တစ်ချို့ကမီတာရုံးတွေမှာပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားလာပါတယ်။ စစ်ကောင်စီဟာ မီတာခတွေဆောင်ဖို့အတင်းအကျပ်ဖိအားပေးလာတာကိုတွေ့ရတယ်။ သူတို့ကအမြဲတမ်းပိုက်ဆံလို နေတာကိုး။ အိမ်တိုင်ယာရောက်စစ်တပ်ပါခေါ်ပြီး မီတာခတွေကိုလိုက်ကောက်နေတယ်။ မီတာခမဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေပါလုပ်လာတယ်။ PDF တွေဘက်ကလည်း အရင်ရက်တွေကတည်းက မီတာခတွေအတင်းအကြပ်မကောက်ခံဖို့ သတိပေးစာတွေထုတ်ပြန်ထားတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီကအရေးမလုပ်တဲ့အတွက်မီတာရုံးတွေမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ အရင်ရက်တွေက ရန်ကုန်ကမြို့နယ်တစ်ချို့မှာပဲဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းနယ်မြို့ကြီးတွေမှာပါပေါက်ကွဲမှုတွေဖြစ်လာတယ်။ မီတာဆောင်မယ့်သူအရေအတွက်ကတော့ အတိုင်းအတာတစ်ခုထိလျော့ကျသွားဖို့ရှိမယ်။
မေ ၂၀၊ ၂၀၂၃။ (စနေ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။