ပြည်သူ့မှာ ပြည်သူပဲရှိပါတယ်။ လက်ရှိမှာ ပြည်သူ့အစိုးရလည်းမရှိဘူး။ ပြည်သူ့ကိုယ်စားပြုကာကွယ် ပေးမယ့်သူလည်းမရှိဘူး။ ပြည်သူကို နည်းလမ်းအမျိုးမျိုးနဲ့နှိပ်စက်နေတဲ့ စစ်သူပုန်တွေပဲရှိတယ်။ ဒီတော့ အစစအရာရာကို အချင်းချင်းအားကိုးအားထားပြုကြရတယ်။ စားစရာမရှိတဲ့သူတစ်ချို့ဟာ ဆိုရှယ်မီဒီ ယာပေါ်တင်ပြီး အကူအညီတောင်းကြတယ်။ တစ်ချို့တွေကိုကျတော့ အိမ်နီးချင်းတွေကကူညီကြတယ်။ တော်တော်များများကလည်း အဆင်မပြေတဲ့ကာလမို့လို့ ခြိုးခြံချွေတာပြီးနေကြရတယ်။ နောက်တော့ သတ်မှတ်ချက်လေးနှစ်ခုကို ဆောင်ရွက်ဖို့အချင်းချင်းဆော်ဩလိုက်ကြတယ်။ စားစရာလိုအပ်ရင်အဝတ် အဖြူရောင်၊ ဆေးကုသဖို့လိုအပ်ရင် အဝတ်အဝါရောင် ကို အိမ်ရှေ့မှာအလံထောင်ပြီးအကူအညီတောင်း ဖို့ ကမ်ပိန်းကိုရက်ပိုင်းအတွင်းမှာ လုပ်လာကြလိမ့်မယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...