ကြက်ဥတွေဈေးတက်တယ်။ အရင်တုန်းက တစ်လုံးကို ၁၀၀ ကျပ်တန်က အခု ၃၀၀ ကျပ်ဖြစ်သွားပြီ။ ဒါ တောင်ဈေးထဲမှာ ပစ္စည်းပြတ်သွားတယ်။ ဂွေးတောက်ရွက်တစ်စည်းကို ၁၀၀ ကနေ အခု ၂၀၀ ဖြစ်သွား ပြီ။ ဒါတောင် ဝယ်ချင်တိုင်းဝယ်လို့မရတော့ဘူး။ ကြက်ဥတို့ ဂွေးတောက်ရွက်တို့က အောက်ဆီဂျင်ရစေ တယ်ဆိုလို့ ဝယ်ကြတာ။ စစ်ကောင်စီကတော့ ကိုဗစ်နဲ့ပတ်သက်လို့ ဘာမှထွေထွေထူးထူးလုပ်ပေးနေ တာမျိုးမရှိဘူး။ ပြည်သူတွေလည်း တစ်နေ့တစ်နေ့ သေဆုံးရတာအများကြီးပဲ။ ကျွန်တော်တို့ဘာဆက် လုပ်ကြရမလဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


