ကိုဗစ်ကြောင့် အောက်ဆီဂျင်ကျပြီးသေဆုံးတဲ့သူတွေများလာတယ်။ စစ်ကောင်စီက ဒါကိုမကိုင်တွယ် တတ်ဘူးဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ လူတွေသေဆုံးနှုန်းက ထိန်းချုပ်လို့မနိုင်တဲ့အထိဖြစ်လာတယ်။ အဓိ ကတော့ အောက်ဆီဂျင်ပြတ်ကြတာ။ ဈေးကွက်ထဲမှာလည်း အောက်ဆီဂျင်အိုးတွေဈေးနှုန်းနှစ်ဆကျော် တက်သွားတယ်။ ဒါတောင်ဝယ်လို့မရဘူး။ စစ်ခွေးတွေက အရှက်မရှိဘဲ သူတို့ ကိုဗစ်ကိုထိန်းချုပ်နေသ ယောင်နဲ့ ဟန်ရေးလုပ်ပြတယ်။ ပြည်သူတွေဟာ ရောဂါဘေးနဲ့ စစ်ခွေးတွေရဲ့ အန္တရယ်ကို အလူးအလဲခံ ကြရတဲ့အချိန်ဖြစ်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


