ကိုဗစ်ဟာနေ့ချင်းညချင်းရန်ကုန်ရောက်လာခဲ့ပါပြီ။ အရင်ရက်တွေကသိပ်မသိသာသေးပေမယ့် အခုဆိုရင်ဆေးရုံတွေအကုန်လူနာတွေပြည့်သွားပါပြီ။ အရင်လို Q Center တွေ၊ အရေးပေါ်ဆေးရုံတွေမရှိတော့တဲ့အတွက် အခြေအနေတွေဟာထိန်းမနိုင်သိမ်းမရဖြစ်လာတော့မှာပါ။ စစ်ကောင်စီကလည်း ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး။
စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာတော့ စစ်သူပုန်တွေကို PDF နဲ့ KIA ပူးပေါင်းတိုက်ခိုက်လို့လေးရက်အတွင်းစစ်သူပုန်နှစ်ရာနီးပါးကိစ္စချောသွားတယ်လို့သိရတယ်။ အဲ့ဒီဒေသဘက်မှာဒီလဆန်းပိုင်းကတည်းကလက်သံပြောင်ပြောင်နဲ့တိုက်ပွဲဝင်နေတာပါ။ နောက်ဆိုမြို့သိမ်းတိုက်ပွဲတွေပါနွှဲမလားပဲ။
ဖေဖော်ဝါရီ ၀၃၊ ၂၀၂၃။ (သောကြာ)
မနေ့ကဒေသတချို့ကိုမာရှယ်လောထုတ်ပြန်လိုက်တဲ့အပေါ်တချို့ကစိုးရိမ်မှုတချို့ရှိကြတယ်။ထိုဒေသတွေအပေါ်မှာစစ်ကောင်စီကပိုမိုကြမ်းရမ်းလာမလားပေါ့။မြေပြင်အခြေအနေအရပြောရရင်အခုလဲတနိုင်ငံလုံးလိုလိုမှာကြမ်းရမ်းနေတာပဲလေ။မီးကုန်ယမ်းကုန်သတ်မယ် ဖြတ်မယ်။ သူတို့မရရအောင် အုပ်ချုပ်မယ်။ တကယ်တော့...