Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား

ကိုဗစ် တတိယလှိုင်းတွင် ကူးစက်နှုန်း အလွန်မြင့်မားလာချိန် စစ်ကောင်စီ၏ ဆိုးဝါးညံ့ဖျင်းသော ကျန်းမာရေးဝန်ဆောင်မှုကို ငြင်းပယ်ရင်း ပြည်သူလူထုသည် ကိုယ်ထူကိုယ်ထဖြင့် ကံကြမ္မာဆိုးကို ရပ်တည်ရင်ဆိုင်လာနေရသည်။ ထိုအချိန်တွင် ပိုးကူးလူနာများ အသက်ဆက်ရှင်ရေး အရေးပေါ် ရှူကြရသည့် အောက်စီဂျင် အရောင်းအဝယ်ကို စစ်ကောင်စီက ထိန်းချုပ်တင်းကျပ်လိုက်ခြင်းကြောင့် လူအသေအပျောက်နှုန်း ပိုမိုမြင့်တက်နိုင်ဖွယ်ရှိသည်။

ဇူလိုင် 14, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

အောက်ဆီဂျင် လွတ်လပ်စွာ ဖြည့်တင်းဝယ်ယူနိုင်ခြင်း မရှိသောကြောင့် ကိုဗစ်လူနာအများအပြား အသက်ဘေး ဆုံးရှုံးနေရပြီး အောက်ဆီဂျင် ရရှိရေး ကူညီ ဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့ အများအပြားလည်း လူနာများကို ကူညီဆောင်ရွက်ပေးရန် အခက်အခဲများစွာ ပေါ်ပေါက်လျက်ရှိသည်။

ဗိုလ်တထောင်မြို့နယ်မှ ပရဟိတ အဖွဲ့ဝင်တဦးက “လူနာတင်ယာဉ်ပေါ်မှာ Emergency ဖြည့်ဖို့တောင် မဖြည့်ပေးတော့ဘူး။ အခုက အောက်ဆီဂျင် မရှိတော့ လက်ရှိ လူနာတင်ယာဉ် လမ်းကြောင်း ပို့တာ နားထားလိုက်ရတယ်” ဟု ပြောသည်။

“ကျနော်တို့ ပို့တဲ့လူနာတွေ ဂန္ဒီ ဆေးရုံကို ပို့တယ်။ အဲဒီကနေ ရန်ကုန် ဆေးရုံကြီးကို ပို့တယ်။ ရန်ကုန်ဆေးရုံကနေ ဂျပန် ဆေးရုံကို ပို့တယ်။ ဂျပန်ဆေးရုံကနေ ခုတင် ၅၀၀ ဆေးရုံကို ပို့တယ်။ နောက်ဆုံးတော့ သူ့အိမ်ကိုပဲ ပြန်ပို့လိုက်ရတယ်။ နောက်နေ့မှာ ဖုန်းဆက်လာတယ်။ အဲဒီ လူနာဆုံးသွားတယ်ဆိုပြီး။ အဲဒါ တခုနှစ်ခု မဟုတ်ဘူး။ ဒီမှာ အများကြီး” ဟု ပြော သည်။

စစ်ကောင်စီက အစိုးရ ကိုဗစ်ကုသရေး စင်တာများ၊ ဆေးရုံများကို အောက်ဆီဂျင်ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိက အောက်ဆီ ဂျင်ဖြန့်ချိမှုများကို ကန့်သတ်လိုက်သည် ဟုဆိုသော်လည်း ဆေးရုံများနှင့် ကုသရေးစင်တာများက ကိုဗစ်လူနာများကို အကန့်အသတ်ဖြင့်သာ လက်ခံကုသနေခြင်း ဖြစ်သည်။

ဆေးရုံဆေးခန်းများက ငြင်းပယ်နေမှုနှင့်အတူ မိမိဘာသာ တာဝန်ယူ ကုသနေသော ပိုးကူးလူနာများသည် အောက်ဆီဂျင်လိုအပ်မှုအား စက်ရုံများတွင် ပင်ပန်းတကြီး တန်းစီနေကြဆဲ ဖြစ်သည်။

ဆေးရုံများတွင် မည်သို့မျှကုသမပေးနိုင်ဘဲ ပိုးတွေ့မတွေ့သာ စစ်ဆေးပြီး ပိုးတွေ့သူများအား ဘယ်မှမဝင်ဘဲ အိမ်တန်းပြန်ရန် ဆေးရုံမှ ဆရာဝန်က ပြောနေသည့် ဗီဒီယိုမှတ်တမ်းတခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ကိုဗစ်လူနာ အများအပြားမှာ ဆေးရုံတင်ခွင့် မရရှိခြင်း၊ ကိုဗစ်ထိန်းချုပ်ကုသရေး စင်တာများတွင် တက်ရောက် ကုသခွင့် မရရှိခြင်းနှင့် အောက်ဆီဂျင်ကျခြင်း စသည့် အကြောင်းရင်းများစွာဖြင့် အသက်ဆုံးရှုံးနေရခြင်း ဖြစ်သည်။

သို့သော် အောက်ဆီဂျင်များကို ပုဂ္ဂလိကသို့ ဖြန့်ချိမှု ပိတ်ပင်ခဲ့သည့် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ လက်ရှိအချိန်တွင် အောက်ဆီဂျင် လုံလောက်မှု ရှိကြောင်း ဇူလိုင် ၁၂ က ပြုလုပ်သည့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ အစည်းအဝေးတွင် ပြောသည်။

အောက်ဆီဂျင်အိုးများကို ထိန်းချုပ်ဝယ်ယူပြီးနောက် အောက်ဆီဂျင် ပြတ်တောက်သည်ဆိုသည့် ကောလဟလများ ထုတ်လွှင့်သည်ကို မလုပ်ကြရန်နှင့် နိုင်ငံရေးအရ အမြတ်မထုတ်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

“နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း ကျနော် ပြောလိုပါတယ်။ ဒါက လူမှုရေး ကိစ္စဗျ။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒါ နိုင်ငံရေးကိစ္စ မဟုတ်ဘူး။ ဒီအပေါ်မှာ လာပြီးတော့မှ ဒုက္ခရောက်အောင် မလုပ်ဖို့ လိုတယ်။ ဒါ လုပ်တယ်ဆိုလို့ ရှိရင်တော့ တော်တော်ကို မိုက်မဲရာကျတဲ့ လုပ်ရပ်ပဲလို့ ကျနော် ပြောလိုတယ်” ဟု ၎င်းက ပြောသည်။

မိုက်မဲရူးသွပ်သူမှာ မည်သူနည်း။

ပြည်သူလူထုကမူ စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို သတ်ဖြတ်ရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဝေဖန်လျက်ရှိကြသည်။

“ကျည်ဆန်မသုံးဘဲ လူသတ်နေတာ။ တမင်သက်သက်ကို လုပ်နေတာ”ဟု သန်လျင်မြို့နယ်မှ ကိုဗစ်လူနာရှင်တဦးက ပြောသည်။

လက်တလောတွင် ရန်ကုန်မြို့၌ အောက်ဆီဂျင် ကျဆင်းမှုကြောင့် သေဆုံးသူဦးရေမှာ များသထက်များ လာနေကြောင်း ရန်ကုန်မြို့အခြေစိုက် ကိုဗစ်လူနာများအရေး ဆောင်ရွက်နေသည့် ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

“အောက်ဆီဂျင်ကျတဲ့ လူနာတွေလည်း တနေ့တနေ့ များသထက်လည်း များလာတယ်။ မနေ့ညက ၁၁ နာရီလောက်က အောက်ဆီဂျင်ကျနေတယ်ဆိုပြီး သတင်းရလို့ ကျနော်တို့ ထွက်သွားတယ်။ မိသားစုဝင်တွေက ဘယ်ဆေးရုံမှာလည်း ပို့ လို့မရတော့ ရန်ကုန်တမြို့လုံး ပတ်ရင်လည်း ပတ်ရပါစေတော့ ပို့ပေးမယ် ဆိုပြီး သွားကြတယ်။ ဒါပေမယ့် ကျနော်တို့ အရောက်မှာပဲ လူနာက ဆုံးနေပြီ” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ အခြေစိုက် ပရဟိတ အဖွဲ့မှ အဖွဲ့ဝင် တဦးကလည်း “အသက်ရှုနှုန်းက ကျတော့ ဒဏ်မခံနိုင်တော့ဘဲ သေကုန်တာ။ အခုဆို တရက်တရက်ကို သေဆုံးနှုန်းက မြင့်လာတယ်။ အောက်ဆီဂျင် စက်ရုံ ပိုင်ရှင်တွေ ခေါ်ပြီးတော့ ၁ ရက်ကို ၅၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံက ပြည်သူ့ ဆေးရုံကြီးကို၂၀၀ ပေးရမယ် ၄၀၀ ထွက်တဲ့ စက်ရုံက ၁၀၀ ၊ ၁၅၀ ပေးရမယ်တဲ့။ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ဘူး” ဟု ပြောသည်။

ယင်းသို့ အောက်ဆီဂျင်များ လိုအပ်ချက် မြင့်မားနေခြင်းသည် နိုင်ငံရေး အမြတ်ထုတ်လိုသူများကြောင့် ဖြစ်ပြီး အောက်စီဂျင် လုံလုံလောက်လောက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြီး အောက်ဆီဂျင်ပေးသည့်အခါ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုအောက်တွင် စနစ်တကျ စောင့်ကြပ် ကြည့်ရှုကာ လိုသလို ထိန်းညှိရမည် ဖြစ်သည့်အတွက် အိမ်တွင် မပေးသင့်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တချိန်တည်းတွင်ပင် ရန်ကုန်ရှိ သုသာန်များတွင် နေ့စဉ် သေဆုံးသူနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ဧရာဝတီမှ ရရှိသော ဇူလိုင်လ ၁၃ ရက် သတင်းအချက်အလက်များအရ ရေဝေးတွင် ၂၃၁ ဦး၊ ထိန်ပင်တွင် ၄၂၀ ဦးနှင့် ကျည်စုတွင် ၈၀ ဦးတို့ သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။ ယင်းသည် ကိုဗစ်ရောဂါပိုးကူးစက်သူ အရေအတွက် မည်မျှဆိုသည်ကို ပြောရန် ခဲယဉ်းသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များက ယုံကြည်စိတ်ချရမှု မရှိ၍ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများရှိနေပြီး ၇၄ မြို့နယ်ကို Stay at Home အဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၂ ရက်နေ့ အထိ ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၅၃,၀၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၇၁၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
Source –Irrawaddy News
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား (irrawaddy.com)

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်
သတင်း

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist