Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကိုဗစ်လူနာများအား ဆေးရုံက လက်မခံဘဲ အိမ်ပြန်လွှတ်မှုများရှိနေ

ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရန်ကုန် အပါအဝင် ကူးစက်မှု မြင့်တက်နေသည့် မြို့များ၌ ကိုဗစ်လူနာများအား ကုသရေး စင်တာနှင့် ဆေးရုံများတွင် လက်ခံကုသပေးခြင်း မရှိဘဲ အိမ်ပြန်လွှတ်နေသည့် အခြေအနေများ ရှိကြောင်း ပရဟိတအဖွဲ့ များနှင့် လူနာရှင်များထံမှ သိရသည်။

July 14, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

By ဧရာဝတီ 7 July 2021
ကိုဗစ်လူနာများကို ပို့ဆောင်ပေးနေသည့် တာမွေမြို့နယ် ပရဟိတအသင်းမှ အဖွဲ့ဝင်တဦးက “ဆေးရုံဆေးခန်းတွေက လက် သင့်မခံတော့ ဒုက္ခရောက်နေကြတာ၊ ကိုဗစ်ဖြစ်တဲ့လူ ဆေးရုံကြီးသွားတာဆို ဆေးရုံကြီးက လူပြည့်လို့ မရဘူးဆို ရင် မြောက်ဥက္ကလာဆေးရုံကြီး သွားတာတို့၊ စံပြဆေးရုံသွားတာတို့ အဲဒီလို လည်နေတာ။ နောက်ပိတ်ဆုံး အိမ်ပဲပြန်ပို့ရတဲ့ အဆင့် အဲဒီလိုတွေ ဖြစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဆေးရုံများတွင် လူနာလက်ခံနိုင်သည့် အခြေအနေအပေါ် မူတည်သဖြင့် လူနာများ အနေဖြင့် မိမိသဘော ဖြင့် ဆေးရုံသို့သွားပါက လက်ခံရန် အခက်အခဲရှိကြောင်း၊ မြို့နယ်ဒေသန္တရဆေးခန်းများနှင့် ကြိုတင်ချိတ်ဆက် ဆောင် ရွက်ရန် လိုအပ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

နေအိမ်တွင် မိမိအစီအစဉ်ဖြင့်မိမိ ကုသပါက အသက်သေဆုံးနိုင်ကြောင်းနှင့် ပိုးတွေ့လက္ခဏာ မဆိုးသူကို သီးခြားစင်တာ များ၊ ပိုးတွေ့လက္ခဏာ အသင့်အတင့် ရှိသူများကို အောက်ဆီဂျင် ပါဝင်သည့် သီးခြားစင်တာများနှင့် ရောဂါပြင်းထန်သူများ ကို သက်ဆိုင်ရာ ဆေးရုံကြီးများတွင် ကုသပေးမည်ဟုလည်း ၎င်းက ဆိုသည်။
သို့သော် ရန်ကုန် အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ မြို့နယ်များတွင်မူ မစိုးရိမ်ရသည့် ရောဂါလက္ခဏာ ရှိသူများ ကို ဆေးရုံနှင့် Quarantine စင်တာများတွင် မထားဘဲ နေအိမ်၌ပင် ထားရှိကုသမှုများ ရှိနေကြောင်း သိရသည်။

မန္တလေးမြို့တွင် ကိုဗစ်လူနာများအား ကူညီပို့ဆောင်ပေးနေသည့် ပရဟိတအဖွဲ့ဝင် တဦးက “ကုသရေးစင်တာတွေ နည်းပါး မှုကြောင့် ပိုးတွေ့နှုန်းနဲ့ ကုသရေးစင်တာ မလောက်လို့ တချို့ လက္ခဏာ မစိုးရိမ်ရတဲ့ လူတွေကို အိမ်မှာ ဆေးညွှန်းပေး ပြီးတော့ ကုသတာတွေ ရှိတယ်” ဟု ပြောဆိုသည်။

ပုသိမ်မြို့မှ ပရဟိတအဖွဲ့ဝင် တဦးကလည်း “ကိုဗစ်ပိုးတော့ တွေ့တယ်။ သို့သော် သူက အောက်ဆီဂျင် မကျဘူး။ ကိုယ်ခံ အားလည်း ကောင်းတယ်ဆိုရင် သူတို့ရဲ့ နေရပ်လိပ်စာတွေ၊ နာမည်တွေ ယူထားပြီးတော့ အိမ်မှာ သီးသန့်အခန်းနဲ့ ပြန်နေ။ တကယ်လို့ အရေးကြီးလို့ အောက်ဆီဂျင် ကျတာတိုဘာတို့ဆိုရင် ကျန်းမာရေးဌာနကို ဆက်သွယ်ပေါ့။ အဲဒီလို ရှိပါတယ်။ လက်ရှိမှာ နေရာက ကျပ်သွားတာကိုး” ဟု ပြောပြသည်။

အရပ်ဘက် ဆေးရုံများသာမက စစ်တပ်ဆေးရုံများတွင်လည်း ဆရာဝန်နှင့် ဆေးဝါး လုံလောက်မှု မရှိသဖြင့် ကိုဗစ်လူနာ များကို စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ လက်ခံကုသမှု ပေးနေကြောင်း သိရသည်။

ကိုဗစ်လူနာရှင်တဦးက “ဆေးရုံတွေ အကုန်ပတ် စုံစမ်းပြီး မတတ်သာတဲ့အဆုံး စစ်ဆေးရုံ ရောက်သွားတယ်။ ဒါတောင် အိမ်ကို အတင်းပြန်လွှတ်နေတာ။ အမျိုးတယောက်က တပ်ထိပ်ပိုင်းနဲ့ ရင်းနှီးတော့ အကူအညီ လှမ်းတောင်းရတာ။ အခု ကျတော့ အောက်ဆီဂျင် ဖြုတ်တာနဲ့ ဆိုးဆိုးရွားရွား ပြန်ကျနေတော့ မဖြုတ်တမ်း တပ်ထားရတယ်” ဟု ပြောသည်။

အမျိုးသားရော၊ ၎င်းပါ ကိုဗစ်ကူးစက်ခံထားရသော်လည်း အမျိုးသားအတွက်သာ ဆေးထုတ်ပေးပြီး ၎င်းအတွက်မူ မည် သည့်ဆေးဝါးမျှ မပေးသဖြင့် အပြင်မှ ပြန်မှာယူနေရသည်ဟုလည်း ဆိုသည်။

ကိုဗစ်တတိယလှိုင်း ကာလတွင် စစ်ကိုင်းတိုင်းသည် ကိုဗစ်ဖြစ်ပွားသူ ၄,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးတွင် ရှိနေပြီး ပဲခူးတိုင်း တွင် ၃,၉၀၀ ကျော်၊ ရန်ကုန်တိုင်းတွင် ၃,၄၀၀ ကျော်၊ ရှမ်းပြည်နယ်တွင် ၂,၈၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၂,၀၀၀ ကျော်၊ မန္တလေးတိုင်းတွင် ၂,၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းတွင် ၁,၇၀၀ ကျော်ဖြင့် ဖြစ်ပွားမှုအမြင့်ဆုံး ပြည်နှင့်တိုင်းများအဖြစ် စာ ရင်း ဝင်နေသည်။

ထိုကဲ့သို့သော အခြေအနေတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် လူနာအချို့မှာ ဆေးရုံနှင့် ကုသရေးစင်တာများသို့ သွားရောက်ခြင်းမရှိဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ် ကုသမှုများလည်း ရှိနေသည်။

ဆေးရုံမှ နေအိမ်သို့ ပြန်လွှတ်ခံရသူများရော၊ မိမိအစီအစဉ်ဖြင့် ကုသသူများတွင်ပါ အဓိက ကြုံတွေ့နေရသည့် ပြဿနာ မှာ အောက်ဆီဂျင်ဖြစ်ပြီး အချို့မြို့များ၌မူ အောက်ဆီဂျင် ပြတ်လပ်သည်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် နေအိမ်တွင် ကုသသူများအတွက် အဓိက ပြဿနာမှာ အောက်ဆီဂျင် ရုတ်တရက် ကျဆင်းမှုကို မသိခြင်း၊ သိလျှင် လည်း အလွယ်တကူ မရနိုင်ဘဲ ညဘက်များတွင် အောက်ဆီဂျင် ပြတ်ပါက မည်သည့် နည်းလမ်းမျှ မရှိတော့သည့် အခြေ အနေများ ကြုံတွေ့နေရသည်ဟုလည်း ကိုဗစ်လူနာရှင်အချို့က ပြောသည်။

အောက်ဆီဂျင် ကူညီသည့် အဖွဲ့များနှင့် ရဟိတအသင်းများထံ နေ့စဉ် အောက်ဆီဂျင် တောင်းခံမှုများ ရှိနေပြီး တောင်းခံမှု များကို မပေးနိုင်သည့် အခြေအနေများလည်း ကြုံတွေ့နေရကြောင်း ကူညီရေးပြုလုပ်နေသည့် အဖွဲ့များထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ပိုးတွေ့ရှိသူ ၁,၀၀၀ အထက်သို့ ရောက်ရှိ လာရာမှ ယမန်နေ့ည ထုတ်ပြန်ချက်အရဆိုလျှင် ၃,၆၀၂ ဦးအထိ အမြင့်ဆုံး ပိုးတွေ့ရှိမှု အခြေအနေသို့ ရောက်ရှိလာသည်။

ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၂၅,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၉၇ ဦးအထိ ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ကောင်စီက ကိုဗစ်တတိယလှိုင်း ကာလအတွင်း စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ဟုမ္မလင်း၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ပဲခူးတိုင်းရှိ လက်ပံတန်း၊ ဖြူး၊ သာယာဝတီ၊ မင်းလှ၊ တောင်ငူ၊ ပဲခူး၊ ပြည်၊ မန္တလေး တိုင်းရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြင်ဦး လွင်၊ ရှမ်းပြည်နယ်ရှိ လားရှိုး၊ နောင်ချို၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင်၊ ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပျဉ်းမနား စသည့် မြို့နယ်ပေါင်း ၃၁ မြို့နယ်ကို Stay at Home သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှ စတင်၍ ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်ခဲ့ပြီး ကူးစက်မြန် ကိုဗစ်ဗီဇပြောင်းပိုး ၃ မျိုး ဖြစ် သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံ၌ တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှ်ိုင်းကာလ စစ်တပ်က အရပ်သားအစိုးရထံ အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် ကျန်းမာရေးလုပ်ငန်းများ ထိခိုက်သွား သည့်အတွက် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရခြင်းဖြစ်ကြောင်း လူအများက ပြစ်တင်ပြောဆိုကြသည်။
Source – Irrawaddy News
ကိုဗစ်လူနာများအား ဆေးရုံက လက်မခံဘဲ အိမ်ပြန်လွှတ်မှုများရှိနေ (irrawaddy.com)

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English