ကျောင်းသားသမဂ္ဂအဆောက်အအုံမိုင်းခွဲခံရမှု အမှတ်တရ 7 JULY သပိတ်ကို တနိုင်ငံလုံးမြို့တော်တော် များများမှာလုပ်ကြတယ်။ သပိတ်တွေပြန်ထွက်ကြတဲ့နေ့တစ်နေ့ပေါ့။
မနေ့ကလုပ်တဲ့ UN လူ့အခွင့်အရေးညီလာခံမှာစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရခဲ့ပါဘူး။ ထိုညီလာ ခံမှာမြန်မာ့အရေးမဆွေးနွေးဖို့ တရုတ်နဲ့အပေါင်းအပါတွေကန့်ကွက်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး ။ UN ကိုယ်စားလှယ်ကတော့ မြန်မာဟာကျရှုံးနိုင်ငံတစ်ခုအဖြစ်ကိုဦးတည်နေပြီလို့ပြောလိုက်ပါပြီ။ စီးပွားရေး ကထိုးကျ၊ ကို ဗစ်ကဖြစ်၊ မကြာမီလည်းစစ်ဖြစ်တော့မှာဆိုတော့တကယ်ကိုကျရှုံးနိုင်ငံဖြစ်တော့မှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


