ကိုဗစ်ကူးနှုန်းဟာရက်ပိုင်းအတွင်းမှာပဲမိုးပေါ်ထောင်တက်နေပါတယ်။ ဒီနေ့တစ်ရက်တာအတွက်ဆိုသုံး ထောင်ကျော်သွားပါပြီ။ ရာခိုင်နှုန်းနဲ့ဆိုသုံးဆယ်ရာခိုင်နှုန်းခန့်ရှိပါတယ်။ တစ်နေ့ထက် တစ်နေ့စံချိန်ချိုး လို့သာနေပါတယ်။
ကလေးမြို့မှာတော့အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရပါပြီ။ ထိုမြို့လေးမှာကိုဗစ်နဲ့တစ်နေ့ လေးဆယ် ခန့်သေဆုံးနေပါတယ်။ မြို့ထဲကလမ်းတိုင်းမှာအသုဘအိမ်တွေ နေ့တိုင်းရှိတယ်လို့ကြားတယ်။ မီးသဂြိုလ် စက်လည်းမနိုင်တော့လို့အလောင်းတွေပုံနေပါတယ်။ အများစုကအောက်ဆီဂျင်မရလို့ သေဆုံးကြရ တာပါ။
စစ်ကောင်စီဟာဒီအခြေအနေကိုဘယ်လိုမှထိန်းနိုင်စွမ်းမရှိပါဘူး။ ဆရာဝန်တွေကိုဖမ်းဆီး၊ အပြင်က ဆရာဝန်တွေလည်း CDM လုပ်ထားတဲ့အတွက်အာဏာသိမ်းပြီးကတည်းက ကျန်းမာရေးကဏ္ဏကပြိုလဲ နေတာပါ။ ထိန်းမရမယ့်အတူတူဟန်ပြအမိန့်တွေထုတ်ပြီးကို ဗစ်ကိုလွှတ်ပေးလိုက်ပါပြီ။ သူတို့ထင်တာ ကကိုဗစ်နှိပ်စက်နေရင် ပြည်သူတွေတော်လှန်ရေးမှာအားလျော့သွားမယ်ပေါ့။ ဒါပေမဲ့ပြည်သူတွေက တော့ ကိုဗစ်နဲ့တော်လှန်ရေးကိုခွဲခြားထားပုံရပါတယ်။ ရောဂါပိုးဟာလူရွေးကူးတာမဟုတ်တဲ့အတွက် စစ်တပ်အသိုင်းအဝိုင်းကိုပါရိုက်ခတ်မှုရှိနေပါပြီ။ အခုဆိုကချင်ပြည်နယ်မှာတိုင်း မှုးတောင်ကိုဗစ် ဖြစ်နေတယ်။ တချို့တပ်ရင်းတွေမှာလဲတပ်ရင်းလိုက်ကူးစက်ခံနေရတယ်။ အာဏာရှင်အုပ်စုရုံးထိုင်တဲ့ နေပြည်တော်မှာလည်းကူးစက်မှုတွေမနည်းမနောပဲ။
တဖက်ကပြန်တွေးကြည့်ရင်တော့သူတို့ထုတ်ပြန်တဲ့စာရင်းတွေကိုလည်း ယုံရခက်ခက်ပဲ။ ခုနက ပြောခဲ့သလိုပြည်သူတွေကို ဖြဲခြောက်တာလည်း ဖြစ်နိုင်တာပဲလေ။ ဘာပဲဖြစ်ဖြစ်ဒီချိန်မှာ တစ် ယောက်ချင်းစီတိုင်းကူးစက်မခံရအောင်ကိုယ်ထူကိုယ်ထဂရုစိုက်ဖို့လိုပါတယ်။