နိုင်ငံတကာအခြေစိုက်အစားအသောက်နဲ့ဖက်ရှင်ဆိုင်တချို့ပြန်လည်ရုတ်သိမ်းနေပါပြီ။ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုဖြစ်တဲ့တယ်လီနော်တောင်ပြန်တော့မယ်လို့အသံတွေထွက်နေတယ်။အထည်ချုပ်စက်ရုံတွေလဲပိတ်ကုန်လို့လုပ်သားသိန်းနဲ့ချီပြီးအလုပ်လက်မဲ့ဖြစ်ကုန်ပြီ။ဆောက်လုပ်ရေးလုပ်ငန်းတွေလဲထိုနည်းလည်းကောင်းပဲ။ဘဏ်တွေကောင်းကောင်းမလည်ပတ်နိုင်လို့ရပ်ထားရတယ်။အခြေခံအလုပ်သမားတွေအကုန်ဒုက္ခရောက်ကုန်ကြပြီ။လုပ်ငန်းရှင်တွေလဲဘာမှမထူးဘူး။ဘဏ်ကငွေသားလှည့်ပတ်မှုမရှိတဲ့အတွက်အလုပ်တွေရပ်ထားရတယ်။ဒီကာလကြီးမှာလူတိုင်းသူ့အတိုင်းအတာနဲ့သူငတ်နေကြပြီ။
အောက်တိုဘာ ၁၃၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဆီယံအလှည့်ကျဥက္ကဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုနေ့ချင်းပြန်လာသွားတယ်။စစ်ကော်မရှင်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိစ္စအတွက်ပါ။အပြန်မှာတော့ထိုအတုအယောင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစေလွှတ်မှာမဟုတ်ဘူးလို့ပြောသွားတယ်။ဒါက်ိုစစ်ကော်မရှင်ကအာဆီယံကလေ့လာသူတွေစေလွတ်မယ်လို့ဗြောင်လိမ်သေးတယ်။ အာဆီယံကတော့သူတို့ချမှတ်ထားတဲမူချက်ကိုမလိုက်နာသေးသ၍စစ်ကော်မရှင်ကိုထောက်ခံမယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်တရုတ်နဲ့ရုရှားတို့နဲ့ထောက်ခံမှုရရှိထားတဲ့အတွက်အာဆီယံကိုအရေးစိုက်မယ့်ပုံမပေါ်ပါဘူး။


