မြေအောက်တော်လှန်ရေးအဖွဲ့တွေရဲ့ဒလန်သတင်းပေးတွေနဲ့စစ်ကောင်စီဒေါက်တိုင်အုပ်ချုပ်ရေးမှုးတွေကိုသုတ်သင်နှုန်းဟာဒီလဆန်းပိုင်းကစပြီးတက်လာတယ်။နိုင်ငံတဝန်းမှာတစ်ရက်ကိုအနည်းဆုံးငါးဦးခန့်အသတ်ခံနေရတယ်။မြင်းခြံမှာဆိုနေ့စဉ်ရက်ဆက်ပဲ။ဒါတောင်မှပဲမကြောက်မရွံ့နဲ့စစ်တပ်သတင်းပေးလုပ်နေတဲ့သူတွေအများကြီးကျန်သေးတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကတိုက်ပွဲတွေမှာPDFတွေအခြေအနေကောင်းပေမယ့်ဒီပဲယင်းမြို့လေးမှာတော့အလူးအလဲခံနေရတယ်။အဲ့ဒီဒေသကတိုက်ပွဲတွေမှာPDFတွေရော၊အပြစ်မဲ့ပြည်သူတွေပါနှစ်ရက်ပေါင်းလေးဆယ်နီးပါးကျဆုံးသွားတယ်။ထုံးစံအတိုင်းစစ်သူပုန်တွေကမဲမဲမြင်ရာလက်နက်ကြီးနဲ့ထုနေကြတယ်။ရွာပေါင်းများစွာလဲထွက်ပြေးနေကြရပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


