စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့အဖြစ်တနိုင်ငံလုံးကပြည်သူတွေကျင်းပပေးကြတယ်။ကျင်းပပုံတွေကတော့အခေါင်းမီးရှို့ခြင်း၊သူ့ဓာတ်ပုံကိုဖျက်စီးခြင်း၊ပန်းခွေချခြင်းတို့နဲ့မွေးနေ့ပွဲလုပ်ပေးကြတယ်။ဆိုရှယ်မီဒီယာပေါ်မှာဆိုမင်းအောင်လှိုင်နာမည်တပ်ပြီးအဆဲသပိတ်ပါရှိသေးတယ်။သူအာဏာရူးလို့ငါးလအကြာမှာကျဆုံးပြည်သူစုစုပေါင်းကိုးရာနီးပါးရှိလာပြီဖြစ်ပါတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


