ဒီမနက်စောစောပိုင်းလောက်ကရန်ကုန်မြို့ရဲ့အချက်အခြာမြေနီကုန်းဂုံးကျော်တံတားပေါ်မှာရဲကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားတယ်။တံတားပေါ်မှာကပ်ထားတဲ့အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းကိုလာဖြုတ်တဲ့အချိန်မှာပေါက်ကွဲသွားတာ။ပြောရရင်တော့ထောင်ဖမ်းတဲ့သဘောပေါ့။ပျောက်ကျားစနစ်ကတဖြည်းဖြည်းနဲ့အဆင့်မြင့်လာပြီ။မနေ့ကလဲအဲ့ဒီတံတားအောက်ကယာဥ်ထိန်းရဲကင်းမှာတစ်လုံးပေါက်သွားသေးတယ်။နယ်ဘက်တွေမှာတော့PDFတိုက်ပွဲတွေဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်သွားပြီ။မနေ့ကကောလင်းမှာစဖြစ်တဲ့တိုက်ပွဲတွေဟာဝင်းသို၊ထီးချိုင့်၊ကသာဘက်တွေပါပြန့်နှံလာတယ်။PDFတွေနဲ့အတူKIAကပါပူးပေါင်းပေးတယ်လို့ကြားပေမယ့်သီးခြားအတည်မပြုနိုင်သေးပါဘူး။ထိုတိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်က၄၀ ကျော်သေဆုံးသွားတယ်လို့သိရတယ်။
အတည်ပြုလို့ရတဲ့စာရင်းတွေအရပြီးခဲ့တဲ့ဇွန်လတစ်လလုံးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်သူပုန်ခြောက်ရာကျော်သေဆုံးခဲ့တယ်။
မေ ၂၀၊ ၂၀၂၃။ (စနေ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။