NUGဟာနိုင်ငံတကာနယ်ပယ်မှာအတော်ခရီးရောက်နေပါတယ်။ပြင်သစ်မှာဆိုဒေါက်တာဆာဆာဟာပါလီမန်အမတ်တွေနဲ့ဆွေးနွေးပြီးသူတို့လွှတ်တော်မှာNUGကိုတရားဝင်အသိအမှတ်ပြုဖို့ပြင်သစ်အစိုးရကိုအဆိုတင်သွင်းမယ်ပြောတယ်။ပြီးခဲ့တဲ့တပတ်ကဂျပန်လွှတ်တော်မှာလဲNUGရဲ့ကြိုးပမ်းမှုကြောင့်စစ်ကောင်စီကိုလုံးဝမထောက်ခံကြောင်းကြေငြာခဲ့တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကလဲဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပြီးမြန်မာပြည်မာဒီမိုကရေစီပြန်ရဖို့ကူညီပေးမယ်လို့ပြောတယ်။သြစတေးလျအမတ်တွေကလဲသူတို့အစိုးရကိုစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့တိုက်တွန်းနေပြီ။ဒါNUGကြောင့်နိုင်ငံကြီးတွေအားလုံးရဲ့အရွှေ့တွေပါ။ဘယ်နိုင်ငံကအရင်တရားဝင်အသိအမှတ်ပြုမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။
မနေ့ကနိုင်ငံရေးအကျဥ်းသားအနည်းငယ်ကိုအပြသဘောစစ်ကောင်စီကလွှတ်ပေးလိုက်ပေးမယ့်ဘယ်သူကမှအဖတ်မလုပ်ကြဘူး။အဖက်မလုပ်တဲ့အပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ကဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထပ်တောင်းဆိုလိုက်တယ်။အခုလွှတ်ပေးလိုက်တဲ့သူတွေထဲမှာနာမည်ကြီးပုဂ္ဂိုလ်တွေတစ်ယောက်မှမပါဘူးလေ။လွှတ်ပေးလိုက်တာပဲအဖတ်တင်သွားတယ်၊စစ်ကောင်စီရဲ့ရာ်ရွယ်ချက်ဟာမအောင်မြင်ပါဘူး။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...