ချင်းပြည်နယ်၊မင်းတပ်မှာတိုက်ပွဲတွေမရှိတော့ပေမယ့်ဟားခါးနဲ့ဖလမ်းဘက်ကတိုက်ပွဲတွေကြောင့်ဒီရက်ပိုင်းမှာတင်စစ်သူပုန်တွေဘက်က၄၀လောက်မြေသြဇာဖြစ်ကုန်တယ်။ချင်းပြည်နယ်နဲ့ကလေးမြို့ဘက်မှာတိုက်ပွဲတွေရှိနေတုန်းပဲ။
စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ဒီနေ့လွှတ်ပေးမယ်လို့ပြောပြန်တယ်။မနက်ကတည်းကအင်းစိန်ထောင်ရှေ့မှာလာစောင့်နေတဲ့လူအုပ်ကြီးကြောင့်ကားလမ်းမတစ်ခုလုံးပြည့်သွားတယ်။ကိုဗစ်တွေပြန့်နှံနေတဲ့ဒီလိုအချိန်ကြီးမှာလူတွေကိုတနေကုန်အောင်ဒုက္ခခံစောင့်ခိုင်းပြီးညနေစောင်းမှလွှတ်ပေးတယ်။မနေ့ညကလဲဖမ်းမမိသေးတဲ့အနုပညာရှင်တချို့ကို၅၀၅ဝရမ်းစာရင်းကပယ်ဖျက်လိုက်တယ်။တကယ်တော့နှစ်ထောင်ဆိုတဲ့အရေအတွက်ကသူတို့မတရားဖမ်းဆီးထားတာတွေနဲ့စာရင်ဘာမှမပြောပြလောက်ပါဘူး။နည်းနည်းလောက်အလွှတ်ပြပြီးနိုင်ငံတကာဖိအားကိုရှောင်ချင်ပုံပဲ။