ရန်ကုန်မှာဟိုနေ့ကစစ်ကားဗုံးခွဲခံရတဲ့တာမွေမြို့နယ်မှာပဲဘဏ်ရှေ့မှာလုံခြုံရေးယူနေတဲ့ရဲတစ်ဉီးပစ်သတ်ခံလိုက်တယ်။ပစ်သွားတဲ့လူကိုလိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။အဲ့ဒီနောက်တော့စစ်သူပုန်ရမ်းသမ်းပစ်ခတ်လို့လမ်းသွားလမ်းလာကားတစ်စီးကိုထိမှန်ပြီးအပစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတယ်။
အွန်လိုင်းပေါ်မှာလဲမနက်ဖြန်D DAYဆိုပြီးကောလဟာလသတင်းတွေပြန့်နေတယ်။ဒီအချိန်မှာမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကDDAYမကြာမှီလာမည်လို့တင်လိုက်တော့ပိုပြီးပွဲစည်ကုန်တာပေါ့။သူ့အနေနဲ့NUGကဝန်ကြီးတစ်ယောက်ဖြစ်ပြီးအချိန်ကိုက်ဒီလိုမပြောသင့်ဘူး။လူတွေကြားမှာဇဝေဇဝါတွေဖြစ်ကုန်တယ်။