နိုင်ငံကျော်အဆိုတော်ရေမွန်ဟာလွတ်မြောက်နယ်မြေမှာတော်လှန်ရေးအတွက်အလုပ်တွေလုပ်ရင်းဒီနေ့ရုတ်တရက်သေဆုံးသွားတယ်။တနိုင်ငံလုံးအံသြမှင်သက်ကြေကွဲရတဲ့နေ့တစ်နေ့ပေါ့။သူ့သီချင်းတွေဟာလူငယ်တွေကြားမှာရေပန်းစားလွန်းတယ်လေ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူလိုလူမျိုးကိုဆုံးရှုံးစရာမရှိဘူး။ဒင်းအာဏာရူးလို့လူငယ်တယောက်ရဲ့အခွင့်အရေးတွေအဆုံးအရှုံးခံပြီးတောထဲတောင်ထဲမှာလူမသိသူမသိကျဆုံးသွားတဲ့ကလေးတွေဘယ်လောက်တောင်ရှိနေပြီလဲ။လူငယ်တွေရဲ့အနာဂတ်ပျောက်ဆုံးသွားတာဟာတိုင်းပြည်ရဲ့အနာဂတ်ပျောက်ဆုံးသွားတာနဲ့အတူတူပဲ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...