UNရဲ့ဆုံးဖြတ်ချက်ထွက်ပြီးပြီးချင်းပဲစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရုရှားကိုအစည်းအဝေးသွားတက်တယ်ကြားတယ်။သတင်းဓာတ်ပုံတွေအရတော့ဟိုမှာသူ့ကိုလူလိုသူလိုကြိုဆိုခြင်းမခံရဘူး။သူ့အနေနဲ့ကတော့နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့ရသလောက်ထွက်ပေါက်ရှာမှာပဲ။
ချင်းပြည်နယ်မင်းတပ်မှာCDFနဲ့စစ်ကောင်စီ၂ပတ်ကြာအပစ်အခတ်ရပ်စဲလိုက်တယ်။သို့ပေမယ့်လဲစစ်ကောင်စီကိုမယုံတဲ့အတွက်စစ်ဘေးရှောင်တွေကိုယ့်အိမ်ကိုယ်ပြန်မလာရဲသေးဘူး။စစ်ဘေးရှောင်တွေအတွက်နည်းနည်းတော့အသက်ရှူချောင်သွားတာပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


