မနေ့ကကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာ့အရေးဆွေးနွေးမှုပြုလုပ်တယ်။စစ်ကောင်စီကိုလက်နက်ပိတ်ဆို့ရေးအပြင်တခြားအချက်တွေပါတဲ့သဘောတူညီချက်ကိုမဲခွဲဆုံးဖြတ်ပြီးအတည်ပြုလိုက်နိုင်ခဲ့တယ်။လက်နက်ပိတ်ဆို့ရေးဆိုတဲ့အချက်ပါဝင်လာတဲ့အတွက်အရင်ထုတ်ပြန်ချက်တွေနဲ့စာရင်တော့အနည်းငယ်ရှေ့ရောက်လာတဲ့အခြေအနေပဲ။ဒါပေမယ့်လုံခြုံရေးကောင်စီကဆုံးဖြတ်တာမဟုတ်တဲ့အတွက်မဖြစ်မနေလိုက်နာစရာတော့မလိုဘူး။မဲခွဲရာမှာသိသာတာတခုကတရုတ်နဲ့ရုရှားဟာအရင်လိုမကန့်ကွက်တော့ပဲကြားနေမဲပေးခဲ့တယ်။ဝမ်းနည်းစရာကောင်းတာကတော့ထောက်ခံမဲပေးနိုင်ငံတွေထဲမှာအိမ်နီးချင်းနိုင်ငံတွေတစ်ခုမှမပါခဲ့ဘူး။သူတို့ငါးနိုင်ငံစလုံးကြားနေခဲ့တယ်။အိမ်နီးချင်းကောင်းတနိုင်ငံမှမရှိတဲ့မြန်မာပြည်ဟာသနားစရာတော်တော်ကောင်းပါတယ်။ထိုင်းနိုင်ငံဆိုရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုအာဏာသိမ်းလိုက်ကတည်းကပျက်ပြယ်သွားပြီဖြစ်တဲ့NCAစာချုပ်ကိုလိုက်နာစေချင်တယ်လို့ထုတ်ပြောခဲ့တယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...