ကယားပြည်နယ်မှာKPDFကစစ်သူပုန်တွေနဲ့အပစ်အခတ်ရပ်စဲကြောင်းစာထုတ်လိုက်ပြီ။ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကဝင်ရောက်ညှိနိုင်းပေးတယ်လို့ပြောတယ်။စစ်သူပုန်တွေဟာပြည်နယ်ထဲကိုတပ်တွေအလုံးအရင်းနဲ့ပို့ထားပေမယ့်ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။KPDFတွေဘက်ကလဲဒေသခံစစ်ဘေးရှောင်ကိုပြန်ကြည့်ဖို့လိုနေတယ်။စစ်သူပုန်တွေကဘာမှသိတာမဟုတ်ဘူး။မဲမဲမြင်ရာအကုန်ပစ်နေတာ။အခုတောင်စစ်သူပုန်တွေကဒီမော့ဆိုမြို့ထဲမှာမြို့နေပြည်သူအိမ်တွေကိုလက်နက်ကြီးတွေထုပြီးဖျက်စီးတယ်။လူမရှိအိမ်တွေ၊ဆိုင်တွေကိုဖောက်ထွင်းကာသူတို့အတွက်အသုံးဝင်တဲ့ပစ္စည်းတွေကိုမတရားယူသွားပြီးအသုံးမဝင်တာတွေကိုဖျက်စီးယုတ်မာနေကြတယ်။သူတို့ရဲ့လုပ်ရပ်တွေကိုအချိန်နဲ့တပြေးညီတတိုင်းပြည်လုံးသိနေကြလဲဂရုမစိုက်ပဲကန်းကုန်အောင်မိုက်ရိုင်းနေတုန်းပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


