လာမယ့်ရက်တွေမှာမြန်မာ့အရေးဆွေးနွေးပွဲတွေပြည်တွင်းရောပြည်ပမှာပါဆက်တိုက်လုပ်ဖို့ရှိတယ်။
ပြည်တွင်းမှာကရင်လက်နက်ကိုင်လေးဖွဲ့ဆိုင်ပြီးရှေ့ဘာဆက်လုပ်မလဲဆွေးနွေးကြမယ်။ထိုင်းအစိုးရကလဲNCAလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဖို့လေသံပစ်နေတယ်။ပြည်ပမှာတော့မနက်ဖြန်G7ထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းပါတယ်လို့ကြားတယ်။၁၈ရက်နေ့ကျရင်လဲလုံခြုံရေးကောင်စီမှာဆွေးနွေးလိမ့်ဦးမယ်။
အစည်းအဝေးတွေဘယ်လောက်များများမျှော်လင့်စရာတော့သိပ်မရှိဘူး။ကိုယ့်လွတ်လပ်ရေးကိုယ်တိုင်တိုက်ယူမှရမှာပဲ။
အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)
တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။