KNUကစစ်ဦးစီးချုပ်ရဲ့NCAအတိုင်းအတိအကျလိုက်နာမယ်ဆိုတဲ့စာဒီနေ့ထွက်လာတယ်။ဘာသဘောလဲမသိပေမယ့်အဲ့ဒီ့စာနဲ့ပတ်သတ်ပြီးဝေဖန်သုံးသပ်မှုတွေလဲအစီအရီထွက်ပေါ်လာတယ်။ KNU ဟာမြန်မာပြည်မှာအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။သူကစစ်ကောင်စီကိုဆက်လက်မတော်လှန်ဘူးလားဆိုတဲ့အတွေးတွေပြည်သူတွေထဲရောက်သွားရင်တော့သိပ်မကောင်းလှဘူး။ခုတောင်ကရင်ပြည်နယ်ထဲတိုက်ပွဲတွေသိပ်မဖြစ်တော့သလိုပဲ။
ပြည်မမှာတော့PDFအဖွဲ့လေးတွေလက်စွမ်းပြနေဆဲပဲ။ပေါက်ကွဲမှုတွေသိပ်ဖြစ်တော့ပေမယ့်စစ်ကောင်စီရဲ့လက်ပါးစေတွေကိုဆက်လက်ရှင်းလင်းနေတယ်။ဒီနေ့ဆိုရန်ကုန်မှာနာမည်ကြီးဒလန်အုပ်ချုပ်ရေးမှုးမတစ်ယောက်နဲ့မန္တလေးမှာရဲနှစ်ယောက်အနီးကပ်ပစ်သတ်ခံလိုက်ရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


