ဧရာဝတီတိုင်း၊ကျုံပျော်မြို့လေးကရွာတစ်ရွာမှာစစ်သူပုန်တွေအကြမ်းဖက်ဝင်စီးလို့တစ်ရက်ထဲနဲ့အပြစ်မဲ့ပြည်သူ၂၀ခန့်သေဆုံးသွားတယ်။ဒလန်ကရွာထဲမှာလက်နက်တွေရှိတယ်လို့သတင်းပေးလို့ဝင်ပစ်တာလို့ကြားတယ်။တကယ်တော့ဧရာဝတီတိုင်းဆိုတာတော်လှန်ရေးလှုပ်ရှားမှုအနည်းဆုံးဒေသတစ်ခုပါ။လက်နက်တွေရှိဖို့နေနေသာသာနယ်ခံPDFအဖွဲ့တွေတောင်ရှိတာမဟုတ်ဘူး။ဒါပေမယ့်လဲစစ်သူပုန်တွေရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာဝင်သောင်းကျန်းသွားတာပဲ။
အာဆီယံကိုယ်စားလှယ်အဖွဲ့ရောက်နေချိန်မှာတောင်ဒီလိုလူသတ်ရမ်းကားနေတာဟာစစ်ကောင်စီကဘယ်သူ့ကိုမှဂရုမစိုက်ပဲသူလုပ်ချင်ရာလုပ်မယ်ဆိုတာပြသလိုက်တာပဲ။
ဇန်နဝါရီ ၂၇၊ ၂၀၂၃။ (သောကြာ)
အခုတလောစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲနဲ့ပတ်သက်ပြီးလူပြောများနေတယ်။စစ်ကောင်စီကတော့ဒီလဆန်းပိုင်းကစပြီးမဲစာရင်းပြုလုပ်ဖို့လူဦးရေစာရင်းကိုတနိုင်ငံလုံးမှာကောက်ယူနေတယ်။ပြည်သူတရပ်လုံးနဲ့နိုင်ငံအများစုကတော့ထိုရွှေးကောက်ပွဲကိုဆန့်ကျင်ထားကြတယ်။ဒါကြောင့်နယ်တွေမှာတော့လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေတိုက်ခိုက်ခံနေရတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ရွှေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့ပြောနေတယ်။ဒါပေမယ့်သူ့တပည့်ဖြစ်တဲ့စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကတော့ရွှေးကောက်ပွဲကျိန်းသေပေါက်ဖြစ်လာမယ်လို့မသေချာသေးဘူးလို့VOAကိုပြောသွားတယ်။ဒါကြောင့်လူတွေကြားမှာဒွိဟဖြစ်စရာတွေပေါ်လာတာပေါ့။ ရွှေးကောက်ပွဲဖြစ်မဖြစ်ပြောဖို့ကတော့စောပါသေးတယ်။ဒီထက်အရင်လာမှာကဒီလကုန်မှာစစ်ကောင်စီကိုဘယ်လိုသက်တမ်းတိုးမလဲဆိုတာပဲ။အာဏာသိမ်းတာနှစ်နှစ်ပြည့်သွားပြီလေ။သူတို့ဖက်တွယ်ထားတဲ့အခြေခံဥပဒေအရဆိုအရေးပေါ်ကာလကနှစ်နှစ်အထိပဲပြဌာန်းခွင့်ရှိနေတာဖြစ်တယ်။ဒီလကုန်မှာနှစ်နှစ်ပြည့်မှာဖြစ်တဲ့အတွက်စစ်ကောင်စီကဒါကိုဘယ်လိုသက်တမ်းတိုးမလဲစောင့်ကြည့်နေကြတယ်။စစ်ခေါင်းဆောင်တွေကတော့အရှက်ကင်းမဲ့စွာနောက်ထပ်၆လသက်တမ်းတိုးပါတယ်ဆိုပြီးသူ့ကြေငြာထားတဲ့အရေးပေါ်ကာလကိုဆွဲဆန့်သွားဖို့အဖြစ်နိုင်ဆုံးပဲ။