ပြည်တွင်းမှာကိုဗစ်ကူးစက်နှုန်းဟာဒီလဆန်းကစပြီးပြန်လည်မြင့်တက်လာပါတယ်။အခုဆိုပိုးတွေ့နှုန်းကတနေ့ငါးရာခိုင်နှုန်းအထက်ရှိလာပါပြီ။ဒါတောင်တနေ့တစ်ထောင်ကျော်ပဲစစ်နိုင်သေးတာပါ။ဒါကြောင့်စစ်ကောင်စီဟာကိုဗစ်စင်တာတွေတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ဖွင့်လှစ်မယ့်နေရာတွေကတော့ဂိုထောင်အဟောင်းထဲမှာကွပ်ပျစ်ပေါ်ဖျာကြမ်းခင်းပြီးလူနာတွေကိုထားမှာပါ။NLDအစိုးရလက်ထက်ကိုဗစ်စင်တာတွေနဲ့ဆီနဲ့ရေလိုကွာခြားလွန်းလှပါတယ်။စစ်ကောင်စီရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စေတနာကိုအတိုင်းသားတွေ့မြင်လိုက်ရတယ်။ဒီပုံစံအတိုင်းဆိုကိုဗစ်ကူးရင်သေဖို့ပဲရှိမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


