ကယားပြည်နယ်မှာစစ်ဘေးရှောင်တွေကိုထောက်ပံမယ့်ဆန်အိတ်၈၀ကျော်နဲ့တကွအစားအသောက်
တွေဆေးဝါးတွေကိုစစ်သူပုန်တွေမီးရှို့ဖျက်စီးလိုက်တယ်။ရိုင်းစိုင်းယုတ်မာချက်ကတော့ဖော်ပြစရာစကားလုံးမရှိလောက်အောင်ပဲ။
အခုဆိုချင်းပြည်နယ်ရောကယားပြည်နယ်မှာပါစစ်ဘေးရှောင်တွေတော်တော်ဒုက္ခရောက်နေကြတယ်။စစ်သူပုန်တွေကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာပိတ်ဆို့ဖျက်စီးနေလို့ရိက္ခာတွေပြတ်သလောက်ဖြစ်နေပြီ။ဒါ့အပြင်စစ်ရှောင်စခန်းတွေကိုပါလက်နက်ကြီးနဲ့ရမ်းသမ်းပစ်နေလို့စခန်းနေရာပြောင်းရတာတွေလဲခဏခဏပဲ။မိုးကျလာပြီဆိုတော့နေရာထိုင်ခင်းအခက်အခဲတွေရှိလာတယ်။UNကလဲထုံးစံအတိုင်းဒုက္ခသည်တွေအတွက်စာတွေပဲထိုင်ထုတ်နေတယ်။ဒီအရေးကိုတောင်ဖြစ်ဖြစ်မြောက်မြောက်မကူညီပေးနိုင်ဘူး။အခုဆိုလူတွေကNUGကိုပါအပြစ်ပြောလာကြပြီ။NUGလဲဘာမှမတတ်နိုင်သေးဘူး။ခုချိန်ထိမြေပြင်မှာရုပ်လုံးမပေါ်လာသေးဘူး။တိုင်းရင်းသားပြည်သူတွေလဲဒုက္ခပေါင်းစုံရောက်နေကြပြီ။ဆက်တွေးကြည့်ရင်ရင်လေးစရာတွေချည်းပဲ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


