ကယားမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ဒီနေ့ဆိုရင်စစ်သူပုန်တွေဘက်ကရဟတ်ယာဥ်တွေတောင်သုံးလာတယ်။ဒါပေမယ့်အကျအဆုံးများစွာနဲ့ပြန်ဆုတ်ရတာပါပဲ။ညနေပိုင်းမှာတော့စစ်သူပုန်တွေကိုခုခံဖို့ကယားပြည်နယ်တစ်ခုလုံးက PDF တွေအကုန်ပူးပေါင်းလိုက်ကြောင်းကြေငြာချက်ထွက်လာတယ်။ ကယားဟာစစ်ကောင်စီအတွက်ခက်ခဲနေဉီးမှာပါ။တိုက်ပွဲတွေဖြစ်နေတာဆယ်ရက်ကျော်လာပြီ။ခုချိန်ထိကယားကိုစစ်ကောင်စီမထိန်းချုပ်နိုင်သေးဘူး။
မကွေးတိုင်းပေါက်မြို့နယ်ဘက်မှာလဲတိုက်ပွဲတွေစဖြစ်နေပြီကြားတယ်။ စစ်နယ်မြေတွေဟာတဖြေးဖြေးနဲ့မြန်မာပြည်အလယ်ပိုင်းနားရောက်လာပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


