တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ထိစပ်နေတဲ့နယ်မြေတွေမှာလဲတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KIA/KNUနဲ့စစ်သူပုန်တွေတိုက်ပွဲမဖြစ်တဲ့နေ့မရှိသလောက်ပဲ။K2Kကပဲတိုက်ကွက်တွေဖော်နေတာ…စစ်ကောင်စီကတန်ပြန်တိုက်စစ်ဆင်နိုင်စွမ်းမရှိဘူး။အရင်လတွေကကျသွားတဲ့သူတို့စခန်းတွေပြန်သိမ်းနိုင်ဖို့မပြောနဲ့..အနားတောင်မကပ်နိုင်ဘူး။ ဒါတောင်စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူပါနေလို့။လေကြောင်းပစ်ကူသာမရှိရင်မြို့တွေပါကျနေလောက်ပြီ။စစ်ကောင်စီဟာတစ်နိုင်ငံလုံးနေရာအစုံကိုတပ်ဖြန့်ထားရတယ်။အင်အားမလုံလောက်တော့ဘူး။ ရှိတဲ့အင်အားကလဲနေ့စ ဉ်နဲ့အမျှအရည်အသွေးရောအရည်အတွက်ပါကျဆင်းနေတယ်။ ဒါတောင် NUG PDF မလာသေးဘူး။ NUG PDF သာဝင်လာခဲ့ရင်အရေးတော်ပုံအောင်မြင်ဖို့မဝေးတော့ပါဘူး။
အောက်တိုဘာ ၁၄၊ ၂၀၂၄။ (တနင်္လာ)
လာအိုနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြန်ပါပြီ။ဒီတစ်ခေါက်မှာတော့စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ယောက် စေလွတ်ခဲ့ပါတယ်။အာဆီယံဟာ...