အာဆီယံကမြန်မာ့အရေးဆွေးနွေးထုတ်ပြန်ချက်အပြီးပထမဆုံးလှုပ်ရှားမှုအဖြစ်အာဆီယံဥက္ကဌနဲ့အတွင်းရေးမှုးတို့ဒီနေ့နေပြည်တော်မှာမင်းအောင်လှိုင်နဲ့တွေ့ကြတယ်လို့ကြားတယ်။အစည်းအဝေးအပြီးတလကျော်ကြာမှလေးကန်နှေးကွေးစွာနဲ့မြန်မာပြည်ရောက်လာကြတယ်ထင်ပါတယ်။ခုလိုလာရောက်ဖို့တောင်အာဆီယံအဖွဲ့ထဲမှာအကြိတ်အနယ်ဆွေးနွေးခဲ့ရတယ်ဆိုပဲ။ဒီတခေါက်ကအကြိုသဘောမျိုးလာကြည့်တာနေမှာ။ခုထိအာဆီယံကိုယ်စားလှယ်ကိုတောင်မခန့်နိုင်သေးဘူး။အတော်အသုံးမကျတဲ့အဖွဲ့အစည်းပဲ။ခက်တာကနိုင်ငံတကာကလည်းမြန်မာ့အရေးကိုလောလောဆယ်အာဆီယံကိုလွဲထားတယ်ဆိုတော့မင်းအောင်လှိုင်တို့အကြိုက်ပေါ့။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...