မနေ့ကအခြေခံပညာကျောင်းတွေစတက်ရတယ်။ဒါပေမယ့်ကျောင်းတက်နှုန်းကတနိုင်ငံလုံးမှာမှ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့သိရတယ်။စစ်ကျွန်ပညာရေးအောက်မှာဘယ်မိဘမှကိုယ့်ကလေးကိုစိတ်ချလက်ချကျောင်းမတက်ခိုင်းရဲဘူး။ကျောင်းတွေနားမှာလဲပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားနေတယ်။စစ်ကောင်စီကပြည်သူတွေလုပ်တာဆိုပြီးထိုးချနေပေမယ့်တကယ်တမ်းကသူတို့လက်ချက်ပဲဆိုတာအကုန်သိနေတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


