ဒီမော့ဆိုနဲ့လွိုင်ကော်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ဒီနေ့တော့PDFတွေဘက်ကအသေခံပြီးတင့်ကားနှစ်ဖျက်စီးလိုက်နိုင်တယ်တဲ့။ကယားမှာတော့ပြည်သူတွေဗျူဟာပြောင်းပြီးတိုက်ကြလို့မစစ်သူပုန်တွေအတွက်မင်းတပ်ထပ်ပိုခက်ခဲနေတယ်။
တဖက်မှာလဲနယ်မြေခံပြည်သူတွေကြားညပ်နေပြီ။လွိုင်ကော်မှာနေတဲ့အသိတယောက်ရဲ့ပြောပြချက်အရဆိုရင်သူတို့မြို့မှာလမ်းသွားလမ်းလာတောင်မရှိပဲတိတ်ဆိတ်ငြိမ်သက်နေတယ်။ညဘက်ဆိုရင်စစ်သူပုန်တွေကအကြောင်းမဲ့ပစ်ခတ်ရမ်းကားနေလို့အိမ်ထဲမှာတောင်ကျည်ကွယ်ရာမှာနေရပါတယ်။လျှပ်စစ်မီးနဲ့အင်တာနက်လဲဖြတ်ထားတယ်ပြောပါတယ်။စစ်ပြေးတဲ့သူတွေပြေးကုန်ကြပါပြီ။မပြေးနိုင်တဲ့သူတချို့လဲမြို့ထဲမှာကျန်နေသေးတယ်တဲ့။
တရားဝင်စာရင်းတွေအရတော့ကယားပြည်နယ်တစ်ခုထဲမှာကိုစစ်ဘေးရှောင်သူပေါင်း၅၀၀၀၀ခန့်ရှိနေပြီလို့သိရပါတယ်။ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကလဲမသေးပါ။
မေ ၂၄၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
မွန်ပြည်နယ်၊ကျိုက်ထိုမြို့ကရွာပေါင်း၂၅ရွာအသုံးပြုနေတဲ့ရွာချင်းဆက်အကြမ်းဖက်စစ်တပ်ကဖျက်စီးသွားတယ်။ဒီတခေါက်ဖျက်စီးတာငါးခေါက်မြောက်ဖြစ်ပြီးညပိုင်းမှာအင်အား၆၀ခန့်နဲ့လာရောက်ဖျက်စီးသွားတာဖြစ်တယ်။မြို့ကိုနှစ်ခြမ်းခွဲချင်တဲ့ရည်ရွယ်ချက်နဲ့ဖျက်စီးသွားတာလို့ဒေသခံတွေကပြောကြတယ်။ဟိုအရင်ရက်ကလဲကော့ကရိတ်မြို့အဝင်လမ်းတွေကိုဖျက်စီးသွားသေးတယ်။ ဒါကိုကြည့်မယ်ဆိုရင်စစ်တပ်ဟာသူတို့ဆီလာမယ့်လမ်းတွေကိုပါဖျက်စီးပြီးခံစစ်ပြင်နေရပြီ။ဒါမျိုးကိုအရင်ကအင်အားနည်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာစစ်တပ်လာတိုက်မှာကြောက်လို့လုပ်ခဲ့ကြပေမယ့်အခုစစ်တပ်ကိုယ်တိုင်ကဒီလိုပုံစံမျိုးပြန်လုပ်နေရပြီဆိုတော့သူတို့အင်အားနည်းတာပိုမိုပေါ်လွင်လာပြီဖြစ်တယ်။