ကယားပြည်နယ်၊ဒီမောဆိုမြို့လေးက PDF တွေရရာလက်နက်ဆွဲကိုင်တော်လှန်နေကြပြီ။ ဟိုနေ့တွေကငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကိုစစ်သူပုန်တွေအကြမ်းဖက်ဖမ်းဆီးသွားရာကနေစတာပဲ။ချင်းပြည်နယ်၊မင်းတပ်မှာလို့ပေါ့။မနက်ပိုင်းအပြန်အလှန်ပစ်ခတ်ကြပြီးညနေပိုင်းမှာစစ်သူပုန်တွေရဲ့ကင်းစခန်းတစ်ခုကိုသိမ်းပိုက်ဖျက်စီးလိုက်နိုင်တယ်။နောက်နေ့တွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာဖို့ရှိနေတယ်။
စစ်မီးဟာတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


