ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုင်ကယ်တွေဖမ်းနေတယ်။ဖောက်ခွဲမှုတွေပြုလုပ်ရင်ဆိုင်ကယ်တွေအသုံးပြုလို့တဲ့။စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေလဲခုဆိုရင်ဘန်ကာအထပ်ထပ်၊သံဇကာအထပ်ထပ်နဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့လို့သေနတ်ကြီးတကားကားနဲ့ပြောနေတဲ့သူတွေကေကြာက်ချီးပန်းနေကြတာမြင်မကောင်းဘူး။ ဒီမနက်လဲလမ်းမတော်မြို့နယ်ကအုပ်ချုပ်ရေးမှုးစောစောစီးစီးသေနတ်နဲ့ပစ်ခံရပြီးခေါင်းပွင့်သွားတယ်။ ဒါတောင်အစပဲရှိသေးတယ်။ နောက်ဆက်တွဲတွေအတွဲလိုက်လာဦးမှာ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


