ဘဏ်တွေပြိုတော့မယ်လို့အသံတွေထွက်နေတယ်။ ATMစက်တွေရှေ့မှာလဲငွေထုတ်ဖို့တန်းစီနေကြတဲ့သူတွေကကားမှတ်တိုင်နှစ်တိုင်စာလောက်ရှိနေကြတယ်။
စစ်ကောင်စီဟာCDMလုပ်နေတဲ့ဘဏ်တွေကိုအတင်းအကြပ်ဖွင့်ခိုင်းတယ်။ဒါပေမယ့်ငွေလာထုတ်တဲ့သူတွေကိုထုတ်ပေးစရာငွေသားအလုံအလောက်မရှိဘူး။ကန့်သတ်ချက်တွေလုပ်လာတယ်။အဲ့ဒီမှာပဲဘဏ်တွေအပေါ်ပြည်သူရဲ့ယုံကြည်မှုပျောက်ဆုံးသွားပြီးဘဏ်မှာငွေအပ်ထားတဲ့သူတိုင်းကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့ကြိုးစားလာကြတယ်။ ATM တွေမှာလဲငွေအလုံအလောက်မထည့်ပေးနိုင်တော့လူတွေအချိန်ကုန်ခံတန်းစီးပြီးဒုက္ခရောက်နေကြတယ်။
ဘဏ်စနစ်ကြီးတစ်ခုလုံးပြိုလဲမယ့်အရိပ်အယောင်တွေမြင်နေရပြီ။