မေလ ၈ရက်၊ညပိုင်းက ရွှေဘိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ(အမည်ရင်း ကိုဇော်ထွန်း)၊ဟာ ဒီနေ့ မေ ၉ရက်မှာ သေဆုံးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေကပြောပါတယ်။
ရွှေဘိုကနေ မုံရွာဆေးရုံကိုပို့ဆောင်နေစဉ်
ဆုံးတယ်လို့ သိရပါတယ်။
အဖမ်းဆီးခံထားရတဲ့သူ့ဇနီးကိုလဲ
မုံရွာကို ရဲတပ်ဖွဲ့က လိုက်ပို့နေပြီလို့သိရပါတယ်။သူ့ဇနီးဟာလည်း CDM လုပ်ထားတဲ့ ဆရာမ တစ်ဦးလည်း ဖြစ်ပါတယ်။
Source – Mizzima