ဇော်မဲလုံးဟာ သတင်းစာရှင်းလင်းပွဲပုံစံကိုပြောင်းလဲလိုက်တယ်။ အပတ်စဉ်အွန်လိုင်းစနစ်နဲ့လုပ်မယ်လို့ သတင်းထုတ်ပြန်ထားပြီး သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်မပြောတော့ဘူး။ ဗိုလ်ကြီးအဆင့်လူသုံး ယောက်ကို သတင်းထုတ်ပြန်ဖို့တာဝန်ပေးလိုက်တယ်။ အဲဒီအထဲမှာ အေးသဇင်မြင့်ဆိုတဲ့ကောင်မလေး တစ်ယောက်ပါလာတယ်။ ကျွန်တော်နဲ့အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့မိန်းကလေး။ ဂျာနယ်လစ်ဇစ်နဲ့ကျောင်း ပြီးထားပြီး သတင်းစာသမားတစ်ယောက်အဖြစ်အတော်ကြာအောင်လုပ်ဖူးခဲ့တဲ့ အဲဒီမိန်းကလေးက ဇော် မဲလုံးရဲ့ဘက်တော်သားဖြစ်သွားတာကိုတော်တော်အံအားသင့်မိတယ်။ ကျွန်တော်အပါအဝင်သတင်းမီဒီ ယာလောကသားတွေကလည်း တော်တော်လေးအံအားသင့်ကြတယ်။
တစ်ဖက်မှာလည်း ဆန္ဒပြတဲ့အရှိန်အားပြန်လည်စတင်လာတယ်။ မနေ့ကရယ်၊ ဒီနေ့ရယ် နေရာအနှံ့မှာ ဆန္ဒပြပွဲတွေကိုတွေ့လိုက်ရတယ်။ ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်ကြတာမို့ ဘယ်နေရာမှာလဲဆိုတာ ကို မပြောကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စစ်သူပုန်တွေ အသည်းအသန်နှိမ်နင်းနေတဲ့ကြားထဲကနေပြန်လည် ပြီး အရှိန်ကောင်းလာတဲ့ ဆန္ဒထုတ်ဖော်ပွဲပုံရိပ်တွေကိုကြည့်ရင်းနှစ်ထောင်းအားရဖြစ်မိတယ်။