ရန်ကုန်တိုင်းဒေသကြီး
• လှိုင်မြို့နယ်တွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က လှိုင်မြစ်လမ်း၊ ရဲရိပ်သာရှေ့တွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနီးရှိ ကားအချို့ မီးလောင်ပျက်စီးခဲ့သည်။
• မင်္ဂလာဒုံမြို့ခံ လူငယ်များက ယနေ့နံနက်အစောပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ် ခဲ့သည်။ ထို့ပြင် ဆိုင်ကယ်မစီးရ အမိန့်ထုတ်ထားသည့်ကြားကပင် လူငယ်အချို့က စစ်အာဏာရှင်အမိန့်ဟူသမျှ ဆန့်ကျင် ပြသည့်အနေဖြင့် ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက နေ့၊ ည မပျက် လုံခြုံရေးတင်းကြပ်ထားသည့် စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က ကျွန်းတောနှင့် ဗားကရားလမ်းအနီးတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ထိခိုက်မှု တစုံတရာ မရှိခဲ့ဟု သိရသည်။ စစ်အုပ်စုဘက်က နေ့လယ်ပိုင်းများတွင် စမ်းချောင်းမြို့နယ်အတွင်း လမ်းတိုင်းလိုလို၌ လုံခြုံရေးတင်းကြပ်ကာ အိမ်စီးကားများသုံး၍ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေရာ အနည်းဆုံး ရှစ်ဦးခန့် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံတစ်ဦး အတည်ပြု ပြောဆိုသည်။ ယမန်နေ့ည ၉ နာရီခန့်ကလည်း စမ်းချောင်း၊ မြေနီကုန်း၊ ဗိုလ်မိုးလမ်းရှိ ပြည်သူတစ်ဦးနှင့် အဆိုပါ ဗိုလ်မိုးလမ်းထိပ်၊ ဗားကရာလမ်းပေါ်ရှိ Grand Hotel မှ အမျိုးသမီးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့အား စစ်အုပ်စုဘက်က အင်အားအများအပြားသုံးကာ ဖမ်းဆီးသွားခဲ့ပြီး ဗိုလ် မိုးလမ်းမှ ဖမ်းဆီးသွားသူကိုမူ ညပိုင်းတွင်ပင် ပြန်လွှတ်ပေးခဲ့သည်။
• ရန်ကုန်မြိုခံလူငယ်အချို့ကလည်း မြို့တွင်း အထင်ကရနေရာများအားလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရွေ့လျားသပိတ်ပြုလုပ်၍ အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။
• သန်လျင်မြို့နယ်တွင် မြို့ခံကျောင်းသားလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အသံမတိတ် အလံမလိပ် သပိတ်ပြုလုပ် တော်လှန်ဆန္ဒပြခဲ့ကြသည်။
• ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်တွင် မြို့နယ်ပေါင်းစုံသပိတ်စစ်ကြောင်းများ စုပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်။
• ယနေ့ နေ့လယ်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ညစျေးအနီးနှင့် ကမ်းနားလမ်းပေါ်တွင် အကြမ်းဖက်စစ်အုပ်စုက အင်အား အများအပြားဖြင့် လုံခြုံရေးယူ စစ်ဆေးမှုများ ပြုလုပ်နေခဲ့ပြီး နေ့လယ် ၁ နာရီအချိန်အထိ စာရင်းများအရ အနည်းဆုံး လူ ငယ် သုံးဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ယင်းသို့ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လူငယ်များ က “ပစ်တိုင်း ထောင်လာမယ့် ခေါင်းတွေ” ဆိုင်းဘုတ်ကိုင်ဆောင်ကာ လမ်းမများပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့သည်။
• “အသံမတိတ် မြောက်ဥက္ကလာပသပိတ်” ဆိုင်းဘုတ်ကိုင်ဆောင်က မြို့နယ်တွင်းနေ လူငယ်များက အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။
• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လှိုင်သာယာတွင် လူငယ်အချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက် ကြားသပိတ် ပြုလုပ်ခဲ့သည်။
• အဖမ်းအဆီးများ ရှိသည့်ကြားကပင် အင်းစိန်လူငယ်များက အင်အား ၁၅၀ ခန့်ဖြင့် သပိတ်စစ်ကြောင်း ဖွင့်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လမ်းမကြီးများပေါ်တက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။
• သာကေတ၊ ထူပါရုံလမ်းမကြီးပေါ်တွင် ယနေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက လူငယ်အချို့ကို ဖမ်းဆီးသွားခဲ့သည်။ ယနေ့ နံနက်ပိုင်းကလည်း သာကတေလူငယ်များက “လုံးဝအုပ်ချုပ် ခွင့်မရစေရ” ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
• စစ်အုပ်စုဘက်က နေ့၊ ည မပျက် ဖမ်းဆီးမှုများလုပ်ကာ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် တာမွေလူငယ်များက သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။
• မရမ်းကုန်းတွင်လည်း ရပ်ကွက်နေလူငယ်များက အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။
• သင်္ဃန်းကျွန်းတွင် လူငယ်များက သပိတ်စစ်ကြောင်းဖွင့် သပိတ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုက လူစုခွဲခါနီးတွင် လာ ရောက်ဖြိုခွင်းခဲ့သည့်အတွက် လူငယ် ခုနစ်ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
• စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရွှေပြည်သာလူငယ်များကလည်း ယနေ့ နေ့လယ်ပိုင်းက မြို့နယ်တွင်းစျေးများ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင်လည်း မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
• ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုတွင်လည်း ဒေသတွင်းကျေးရွာများစုပေါင်းသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
• ဗဟန်းမြို့နယ်လူငယ်များကလည်း ယနေ့ နေ့လယ်ပိုင်းတွင် အင်အား ၅၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
• သန်လျင်၊ ကျောက်တန်းမြို့ခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• ကမာရွတ်မြို့နယ် အ.ထ.က (၅) ကျောင်းအနီး စည်ပင်ရုံးဟောင်းတွင် ယနေ့နေ့လယ် ၂ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ် ရပ် ဖြစ်ပွားခဲ့သည်။
• ညနေ ၄ နာရီခွဲခန့်က တောင်ဒဂုံ (၂၄) ရပ်ကွက်၊ မြရတနာ (၁) လမ်းပေါ်တွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူထိ ခိုက်မှုမရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး
• မိတ္ထီလာတွင် သံဃာတော်နှင့် ပညာရေးမိသားစုများ ဦးဆောင်သည့် လူအင်အား ထောင်နှင့်ချီ ပါဝင်သည့် မြို့ခံသပိတ်စစ် ကြောင်းက ယနေ့နံနက်ပိုင်းတွင် လမ်းမကြီးပေါ် တက်ကာ စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြတော်လှန်ခဲ့ကြသည်။
• ယနေ့နံနက်က မန္တလေး ပုသိမ်ကြီးတီဘီဆေးရုံသို့ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ CDM ဝင်ထားသည့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာရဲဝင်းအောင် အပါအဝင် သူနာပြု (၃) ဦးနှင့် အခြားအဆင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ ဖမ်းဆီးသွားသည်ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။
• ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ဖြစ်သည့် မေလ ၂ ရက် ယနေ့တွင် တံတားဦးမြို့နယ်ပြည်သူများက “စစ် ကျွန်ပညာရေးအလိုမရှိကြောင်း” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန် ခဲ့ကြသည်။
• ဝမ်းတွင်းမြို့ခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာလည်း အင်အားရာနှင့်ချီဖြင့် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ ယနေ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဧရာဝတီတော်လှန်ရေး၊ စိန်ပန်း၊ တမ္ပဝတီ၊ ဖမ်းဆီးခံပြည်သူကိုယ်စားပြု၊ ဘုရားကြီးငြိမ်းချမ်းရေး၊ မဟာအောင်မြေလူငယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။
• မန်း၊ ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း အင်အား ၁၀၀ ခန့်ဖြင့် လမ်းများပေါ်တက်ကာ အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
• “ကြောက်ခေတ်ကို မှောက်ပစ်” မည့် မန်း ပြည်ကြီးတံခွန်မြို့နယ် ဆိုင်ကယ်သပိတ်အား အကြမ်းဖက်စစ်အုပ်စုဘက်က လာရောက်ဖြိုခွင်းသည့်ကြားကပင် အောင်မြင်စွာ ပြုလုပ်၍ လူစုခွဲနိုင်ခဲ့သည်။
• မန်း ဒေါင်းစစ်သည်နှင့် အရှေ့မြို့သစ် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။
• မန်းကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက သပိတ်စတင်ရန်အတွက် လူစုစည်းနေစဉ်ပင် သတင်းပေးများကြောင့် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များ ရောက်လာခဲ့သည့်အတွက် သပိတ်မစတင်နိုင်ဘဲ ရပ်လိုက်ရသည်။ မန်း ပညာရေးမိသားစုမှာလည်း သပိတ်စတင်မည့်အချိန်တွင်ပင် လက်နက်ကိုင်များ ရောက်လာ ခဲ့သည့်အတွက် မစတင်မီအချိန်တွင်ပင် ပိတ်မိခဲ့ခြင်းများ ရှိခဲ့သော်လည်း ဖမ်းဆီးခံရမှုမရှိဘဲ လူစုခွဲလိုက်နိုင်ခဲ့သည်။
• မန်း မြတောင်သပိတ်စစ်ကြောင်းမှာလည်း ဆန္ဒပြရန် လူစုနေစဉ်ပင် သတင်းပေးများကြောင့် အကြမ်းဖက်စစ်အုပ်စုလက် နက်ကိုင်များ ရောက်လာကာ ဖြိုခွဲရန် ကြိုးစားခဲ့သည့်အတွက် လူစုခဲ့ရပြီး အနည်းဆုံး တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
• မန်းတက္ကသိုလ်သမဂ္ဂများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းမေပါ်တက်လာကာ အင်အား ၁၀၀ ကျော် ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဆန္ဒဖော်ထုတ်ခဲ့သည်။
• မန္တလေးတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်ဝတ်များသုံးကာ ယနေ့နံနက်ပိုင်းတွင် သပိတ်များဖြိုခွဲခြင်းနှင့် လိုက်လံဖမ်းဆီးမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ရာ မဟာအောင်မြေမြို့နယ် ၄၁ လမ်း (၈၆-၈၇ ကြား) တွင် လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်။ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း (၁၁၆-၁၁၇ ကြား) တွင်လည်း အရပ်ဝတ်ဖြင့် ဝင်ဖမ်း၍ လူငယ်တစ်ဦး ဖမ်းဆီးခံရကာ ၆၉ လမ်းနှင့် စိ်နပန်းလမ်းကြားတွင် အရပ်ဝတ်သေနတ်ကိုင်များက လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးရာ လူငယ် သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ မန္တလေး နန်းရှေ့စျေးတွင်လည်း ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်ဝတ်လုံ ခြုံရေးလာချထားမှုများခဲ့ကြောင်းလည်း အတည်ပြု ပြောဆိုသည်။
• မန္တလေး တိုင်းဒေသကြီးအာမခံရုံးတွင် လက်လုပ်ဗုံး ပစ်သွင်းခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။ ယမန်နေ့ညပိုင်းကလည်း စိန်ပန်း၊ သံလျပ်မှော်အနောက်ရပ်ကွက်ရုံး (၉၁ လမ်း၊ ၄၁ နှင့် ၄၂ ကြား) တွင် မိုးရွာသွန်းနေသည့်ကြားကပင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သေးသည်။
• မန္တလေးမြို့ပေါ်တွင် နေ့လယ် ၁ နာရီနောက်ပိုင်း အပြင်ထွက်သူများအား သံသယရှိပါက ပစ်ခတ်မည်ဖြစ်ကြောင်း သတင်း များထွက်ပေါ်ခဲ့သည့်အတွက် မြို့ပေါ်လမ်းများတွင် လူရှင်းလျက်ရှိကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။ စစ်အုပ်စုဘက်က မြို့ပေါ်ရပ်ကွက်အချို့တွင် သပိတ်များနှင့် မပူးပေါင်းရန် လိုက်လံကြေညာ တားမြစ်ထားပြီးနောက် ယင်းကဲ့သို့ ညနေပိုင်းမထွက်ရ ကြေညာသည်ဟု သတင်းများပြန့်သွားခဲ့ကာ လူရှင်းကုန်ခြင်းဖြစ် ကြောင်းနှင့် နံနက်ပိုင်းက ဖွင့်ထားသည့် စျေးဆိုင်များလည်း ပိတ်ကုန်သည်ဟု သိရသည်။
• မြင်းခြံတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ်နှင့် ဆိုင်ကယ်သပိတ်များ ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။
• ကျောက်ဆည်တွင်လည်း မြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆေးနီသပိတ်များ ပြုလုပ်ခဲ့သည်။
• အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းခံရသဖြင့် လူသေဆုံးမှုများ ရှိခဲ့သည့် မိုးကုတ်တွင် ဒေသခံများက မိုးကုတ်အနောက်ပိုင်းရပ်ကွက်ပေါင်းစုံသပိတ်စစ်ကြောင်း ပြန်ဖွင့်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဆန္ဒပြခဲ့ကြသည်။ မိုးကုတ်၊ ကုန်းသာရပ်ကွက် ဘုရားငါးဆူအနီးတွင် သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရကာ အနည်းဆုံး အမျိုးသမီး ငါးဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့ပြင် မိုးကုတ်မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းကားများနှင့်အဖွဲ့ဝင် ၃၀ ကိုလည်း ဖမ်းဆီးသွားခဲ့ကာ ဖမ်းဆီးခံရ သူများတွင် အမျိုးသမီးများလည်း ပါဝင်သည်။
• စစ်တက္ကသိုလ်အများအပြားရှိရာ ပြင်ဦးလွင်တွင်လည်း မြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
• ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက်အချို့တွင်လည်း ဒေသခံများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• ရှေးဟောင်းဒေသ ပုဂံတွင်လည်း ဒေသခံ ၁၀၀ ကျော်ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး
• ပြည်မြို့ပေါ် ကျောင်းအချို့တွင် ဒေသခံကျောင်းသားလူငယ်များက “စစ်ကျွန်ပညာရေးအလိုမရှိ” ကြောင်း ပြသသည့်အနေ ဖြင့် သွေးစွန်းနေသည့် ကျောင်းစိမ်းဝတ်စုံများအား ကျောင်းအပေါက်ဝများ၌ ချိတ်ဆွဲကာ ဆေးနီသပိတ် ပြုလုပ်ခဲ့သည်။
• ပဲခူးတွင်လည်း ဖမ်းဆီးမှုများ ရှိနေသည့်ကြားကပင် “ပဲခူးလူငယ်များ အာဏာရှင်တော်လှန်ရေးစစ်ကြောင်း” ဖွင့်ကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
• ဖြူး၊ ကညွတ်ကွင်းတွင်လည်း မြို့ခံများက စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ရာ အကြမ်းဖက်စစ်အုပ်စုဘက်က လိုက်လံဖြိုခွင်းခဲ့သော်လည်း ထိခိုက်၊ ဖမ်းဆီးခံရမှု မရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
• ကလေးမြို့၊ ထိုမာရွာတွင် ယနေ့နံနက် ၈ နာရီခန့်က ရွာခံအင်အား ၂၀၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• ကလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးအင်အားတိုးကာ တင်းကြပ်ထားသည့်ကြားကပင် မြို့ခံလူငယ်များက အင်အား ၁၀၀ ကျော်စီ ပါဝင်သည့် သပိတ်စစ်ကြောင်းများ ဖွဲ့ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြ သည်။
• မုံရွာတွင် ယနေ့နံနက်အစောပိုင်းက အောင်မဟာလမ်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်အုပ်စုဘက်က လာရောက် ရိုက်နှက်ဖြိုခွဲသဖြင့် ဆန္ဒပြပြည်သူ သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ဖြိုခွဲခံရမှုများ ရှိသည့်ကြားကပင် မုံရွာမြို့ပေါ် ရပ်ကွက်သပိတ်စစ်ကြောင်းနှင့် မြို့အနီး ကျေးရွာများကလည်း သပိတ်စစ်ကြောင်းများဖွင့်ကာ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
• ယင်းမာပင်မြို့နယ် ကျေးရွာများ စုပေါင်း၍ ဆိုင်ကယ်စီးရေ ၁၀၀ ကျော်ဖြင့် ကျေးရွာများတွင်းလှည့်လည်ကာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။
• စစ်ကိုင်းမြို့၊ ရွာသစ်ကြီးဒေသခံများက လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။
• ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် သပိတ်စစ်ကြောင်းဖွင့်ကာ ဆန္ဒပြတော်လှန်ခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းနှင့် ကြေးစင်တောင်အနီး ကျေးရွာများ စုပေါင်းကာ လူအင်အား ၁၀၀၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
• ယင်းမာပင်၊ စုန်းချောင်းရွာတွင်လည်း ပြည်သူများက သပြေခတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
• စစ်ကိုင်း၊ ဒီပဲယင်းတွင် ဒေသခံများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်ရာ စစ်အုပ်စုဘက်က အကြမ်းဖက်ဖြိုခွင်းလာပါက ပြန်လည်ခုခံရန်အတွက် ဆန္ဒပြပြည်သူ အမျိုးသား၊ အမျိုးသမီးများက ဓားများကိုင်ဆွဲကာ တော်လှန်ဆန္ဒပြခဲ့ကြသည်။
• ကန့်ဘလူတွင်လည်း မြို့ခံများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• တန့်ဆည်တွင်လည်း ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူအင်အား ရာနှင့်ချီ စုပေါင်း၍ ဆန္ဒပြခဲ့ကြသည်။
• စစ်ကိုင်း၊ ဝက်လက်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သည့် ဒေသခံဆိုင်ကယ်သပိတ် စစ်ကြောင်းကိုအကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်ဖြိုခွဲသဖြင့် ဆန္ဒပြပြည်သူ ခုနစ်ဦး သေနတ်ထိမှန်ခဲ့ကာ နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
• ရေဦး ပညာရေးမိသားစုနှင့် တင်းတိမ်ရံကျေးရွာ ဒေသခံများ စုပေါင်းကာ NUG အစိုးရထောက်ခံကြောင်း၊ စစ်အုပ်စု အလိုမရှိကြောင်းနှင့် စစ်ကျွန်ပညာရေးတွင် ပါဝင်မည့် ဆရာ/ဆရာမများအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
မကွေးတိုင်းဒေသကြီး
• မင်းဘူးမြို့၊ ဗိုလ်ချုပ်ပန်းခြံတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း “ဘူးသပိတ်” ပြုလုပ်ခဲ့သည်။
• အောင်လံမြို့ခံများက မြို့ပေါ်စျေးအချို့တွင် “နွေဦးတော်လှန်ရေး” ဆိုင်းဘုတ်လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ရေး ဆန္ဒပြခဲ့ကြသည်။
• ပခုက္ကူတွင်လည်း မြို့ခံအင်အား ၂၀၀ ကျော် ပါရှိသည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အဆုံးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး
• ထားဝယ်တွင် ပညာရေး၊ အင်ဂျင်နီယာ၊ နည်းပညာတက္ကသိုလ် ကျောင်းသားများနှင့် ဒေသခံများ ပါဝင်သည့် အင်အားရာနှင့်ချီသည့် ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
• မြိတ်မြို့ မြို့ပေါ်ကျောင်းအချို့တွင်လည်း “စစ်ကျွန်ပညာရေး အလိုမရှိကြောင်း”၊ “ပြောင်းလဲချင်ရင် ကျောင်းထဲ မဝင်နဲ့” စသည့် စာများအား ဆေးနီများဖြင့် ရေးသားခြင်း၊ စာရွက်များ ကပ်ခြင်းတို့ ပြုလုပ်၍ လူငယ်များဦးဆောင်ကာ ဆေးသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။
• ထားဝယ်ခရိုင်၊ သရက်ချောင်း၊ သင်ကျွန်းရွာခံများက “ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ်” စစ်ကြောင်းဖွင့် ကာ မြို့နှင့် ကျေးရွာများတွင်း လှည့်လည်၍ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ပြသခဲ့ကြသည်။
• မောင်းမကန်ဒေသတွင်လည်း ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လူထုသပိတ်ကို အင်အား ရာနှင့်ချီ စုပေါင်းပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။
• ကော့သောင်းတွင်လည်း ဒေသခံလူငယ်အချို့က “စစ်အာဏာရှင် လုံးဝ အုပ်ချုပ်၍ မရစေရ” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး
• ပုသိမ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်ဝတ်သုံးကာ အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် လှည့်လည်နေသည့် ကြားကပင် မြို့ခံပုသိမ်လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• မော်လမြိုင်ကျွန်းတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။
• ဟင်္သာတမြို့ခံများကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သွေးသပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။
• ညောင်တုန်းမြို့နယ်တွင်း ကျေးရွာများရှိ ဒေသခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကျေးရွာများတွင်းလှည့်လည်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• မြောင်းမြ ပညာရေးကောလိပ် ကျောင်းသားများက ကျောင်းသားများ CDM လုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
မွန်ပြည်နယ်
• ချောင်းဆုံမြို့ခံများက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
• မော်လမြိုင်မြို့ခံများက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေး လူထုသပိတ်ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အထက်လမ်းမကြီးတစ်လျှောက် ချီတက်လာစဉ် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်ဖြိုခွဲမှုများ ပြုလုပ်လခဲ့ရာ အနည်းဆုံး သုံးဦး ရာဘာကျည်ထိမှန်ခဲ့ပြီး ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
• ရေးမြို့နယ်တွင် တက္ကသိုလ်ကျောင်းသားလူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းကို လုံခြုံရေးတင်းကြပ် ထားသည့်ကြားကပင် ပျောက်ကြားသပိတ်ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
• ကျိုက်ထိုတွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျောင်းသားသပိတ်စစ်ကြောင်းဖွင့်ကာ ဆန့်ကျင်ဆန္ဒပြခဲ့သည်။
• သထုံတွင် အမျိုးသမီးငယ်အချို့က မြို့နှင့် အနီးတဝိုက်ရှိ အထင်ကရနေရာများသို့ သွားရောက်၍ စစ်အာဏာရှင်စနစ် ပျက်သုန်းရေး ရွေ့လျားသပိတ်ပြုလုပ်ခဲ့သည်။
• ပေါင်မြို့နယ်တွင်လည်း မြို့ခံလူငယ် ၅၀ ကျော်က သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
ချင်းပြည်နယ်
• ဟားခါးတွင် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားသည့် ပြည်သူများအား ယနေ့ ညနေ ၄ နာရီ နောက်ဆုံးထားလွတ်ပေး ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် လက်နက်သုံး ပစ်ခတ်နှိမ်နင်းမှုများပြုလုပ်ပါက ကာကွယ်သည့်အနေဖြင့် စစ်ဆင်တိုက်ခိုက်ရေးများ ဆောင်ရွက်သွားမည်ဟု Chinland Defense Force – Hakha က ထုတ်ပြန်ထားသည်။ ဟားခါးမြို့ခံ လူငယ်များကလည်း အင်အား ရာနှင့်ချီစုဝေးကာ “အောက်ကျို့မခံတဲ့ အောက်ချင်းသားများ” ဆိုင်းဘုတ်ကိုင်ဆောင် ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• မင်းတပ်မြို့သို့ ယောနယ်ဘက်မှ စျေးလာရောင်းချမည့်သူများမှာ အမျိုးသမီးများဖြစ်ရမည် ဖြစ်ပြီး ရောင်းချမည့် ကုန်စည်များကို ဆိုင်ကယ်ဖြင့်သာ သယ်ဆောင်ရန်နှင့် လိုအပ်ပါက စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။ မြို့တွင်းသို့ ဝင်ရောက်ရာတွင်လည်း နံနက် ၆ နာရီမှ ၈ နာရီအတွင်း သတ်မှတ်ထားပြီး မင်းတပ်မြို့စျေးရှိ ကုန်စိမ်းအများစုကို ယောနယ်ဘက်က လာရောက်ရောင်းချကြခြင်း ဖြစ်သည်။
• မင်းတပ်မြို့အဝင်တွင် ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပူဖောင်းသပိတ် ပြုလုပ်ခဲ့သည်။
• ချင်းပြည်နယ်တွင်း စစ်အုပ်စုကို အကူအညီပေးနေသည့် သတင်းပေးများအနေဖြင့် ဆက်လက်သတင်းပေးခြင်းမျိုး လုပ် ဆောင်မည်ဆိုပါက ထိရောက်စွာ အရေးယူမည်ဟု Chinland Defense Force က ကြေညာလိုက်သည်။
ကချင်ပြည်နယ်
• မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် ယနေ့နံနက် ၇ နာရီက ဒေသခံပြည်သူ ရာနှင့်ချီ ပါဝင်သည့် သပိတ်စစ်ကြောင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• ဖားကန့် မှော်ပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် NUG အစိုးရ ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် အင်အား ၂၀၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ဇာတ်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့် လုံးခင်းနှင့် မော်ဝမ်းသပိတ်စစ်ကြောင်းများလည်း လမ်းပေါ်တက်ဆန္ဒပြခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်က စက်သေနတ်၊ လက်ဗစ်ဗုံးများသုံး၍ ဖားကန့် မှော်ဝမ်း စီးပွားရေးဘဏ်ရှေ့တွင် ဖြိုခွဲခဲ့ရာ လုံးခင်းသပိတ်စစ်ကြောင်းမှ ဆန္ဒပြပြည်သူ တစ်ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပြီး မော်ဝမ်းရပ်ကွက်အတွင်းသို့လည်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
• မြစ်ကြီးနားအခြေစိုက် ကျောင်းသားသမဂ္ဂများအင်အားစုကလည်း မြစ်ကြီးနားပင်မသပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ အင်အား ၁၅၀ ခန့်ဖြင့် NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• မိုးကောင်းမြို့ခံပြည်သူများကလည်း အင်အားရာနှင့်ချီပါဝင်သည့် သပိတ်စစ်ကြောင်းကလည်း မြို့အနှံ့ လှည့်လည်ကာ ဖမ်းဆီးခံပြည်သူများ လွတ်ပေးရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် KIO/KIA အား ထောက်ခံကြောင်းများ ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ သပိတ်စစ်ကြောင်း လူစုခွဲခါနီးတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လာရောက်ဖြိုခွဲခဲ့သော်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအချို့ ရှိခဲ့သော်လည်း ထိခိုက်သူနှင့် ဖမ်းဆီးခံရသူမရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။
• မိုးညှင်းခရိုင်၊ ဟိုပင်မြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။
• ဝိုင်းမော်မြို့ခံ လူငယ်များကလည်း အင်အား ၇၀ ခန့်ဖြင့် မိုးရွာသွန်းနေသည့်ကြားကပင် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• နမ္မတီးမြို့တွင် ပညာရေးဝန်ထမ်းများ ဦးဆောင်လျက် တကသကျောင်းသားများ၊ ဒေသခံများ ပါဝင်သည့် သပိတ်စစ်ကြောင်းက CDM ဆက်လုပ်ကြရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုသပိတ်ကို အင်အား ရာနှင့်ချီ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
• အင်းတော်ကြီးဒေသတွင်လည်း ဒေသခံလူငယ်များ ဦးဆောင်သည့် အင်းတော်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကယားပြည်နယ်
• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆက်လက်ဆန္ဒဖော်ထုတ်လျက် ရှိသည်။
• လွိုင်ကော်၊ နောင်ယား (က) ရပ်ကွက်နေ ပြည်သူ ၁၀၀ ခန့်ကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ထိုင်သပိတ် ပြုလုပ်ခဲ့သည်။
• ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံလူငယ် ၇၀ ခန့်ကို တိုက်ခိုက်ရေးသင်တန်းများ တက်ရောက်နေသည်ဟူသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်စစ်အုပ်စုဘက်က ဖမ်းဆီးထားပြီး လွိုင်ကော်အကျဉ်းထောင်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာတွင် ပညာရေးမိသားစုများ ဦးဆောင်ကာ ဒေသခံပြည်သူအင်အား ရာနှင့်ချီ ပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ပြခဲ့ကြသည်။
• ဒီးမော့ဆိုလူငယ်များက နိုင်ငံအနှံ့ရှိ စစ်အုပ်စုအား ဆန့်ကျင်နေသည့် သတင်းအချက်အလက်များအား ပြည်သူများ သိရှိစေရန်အတွက် ဒီမိုကရက်တစ် ဗမာ့သတင်းလွှာ – Democratic Burma News သတင်းစာလွှာကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
ကရင်ပြည်နယ်
• ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာတွင် ယနေ့နက် ၉ နာရီခန့်က သပိတ်ပြုလုပ်ရန် လူစုစည်းနေစဉ် အကြမ်းဖက် စစ်အုပ်စုဘက်က အိမ်စီးကားများဖြင့် ရောက်လာကာ လူစုခွဲခဲ့သည့်အပြင် ရွာအတွင်းထဲထိ သေနတ်ပစ်ဖောက် ခြောက်လှန့်၍ လိုက်လံ ရှာဖွေနေသည့်အတွက် လူငယ်များ ရှောင်တိမ်းနေရသည်ဟု သိရသည်။ သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် လူငယ်များပိုင် ဆိုင်ကယ်အစီး ၅၀ ခန့်ကို သိမ်းဆည်းကာ ကျေးရွာရဲစခန်းတွင် သိမ်းဆည်းထားသည်။
• ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။
• မြဝတီမြို့ခံ လူငယ်များက စစ်အုပ်စု ထောက်ခံနေသည့် တရုတ်နိုင်ငံနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ မီးရှို့ခြင်း ပြုလုပ်ခဲ့ပြီး အချို့သော လူငယ်များမှာလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်
• တောင်ကြီးမြို့ခံ လူငယ်များက ယနေ့နံနက်ပိုင်းတွင် “စစ်ကျွန်မခံဘူး”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ပျောက်ကြားသပိတ် ဆင်နွှဲခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုဘက်က ရာဘာကျည်သုံး သေနတ်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သဖြင့် လူငယ်တစ်ဦး ဦးခေါင်းထိမှန်ကာ နောက်တစ်ဦးမှာ နားရွက်တွင် ထိမှန်ခဲ့သည်ဟု သိရသည်။ အကြမ်းဖက်စစ်အုပ်စုမှာ ယနေ့နံနက် ၈ နာရီခွဲကတည်း စဝ်စံထွန်းစျေးအနီးတွင် အင်အားအများအပြားဖြင့် လုံခြုံရေးချထားခဲ့ကြောင်းလည်း သိရသည်။
• လားရှိုးမြို့နယ် (၂) ရပ်ကွက်ရှိ စစ်အုပ်စုနှင့် နီးစပ်သူ Asia World ကုမ္ပဏီပိုင်ရှင် လော်စစ်ဟန်၏ နေအိမ်ရှေ့တွင် ယနေ့နံနက် ၉ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက နေအိမ်အနီးတွင် လုံခြုံရေးချ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
• ကွတ်ခိုင်မြို့ခံများ စုပေါင်းကာ “ယူနီဖောင်းမြင်တိုင်း ကြောက်တဲ့ခေတ်မှာ အသက်မရှင်ချင်ဘူး” စသည့် တော်လှန်သော ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
• မူဆယ်မြို့ခံ လူငယ်များကလည်း “ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့” ဆိုင်းဘုတ်လွှင့်ထူကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
• ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် သီပေါမြို့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး လူထုဆန္ဒဖော်ထုတ်မှုကို အကြမ်းဖက်စစ်အုပ်စုက ကားဖြင့် ဝင်တိုက်ကာ ပစ်ခတ်လူစုခွဲခဲ့သဖြင့် ဒေသခံတစ်ဦး ဦးခေါင်းထိမှန်ကျဆုံးခဲ့ပြီး နှစ်ဦးမှာ ခြေထောက် ထိမှန်ခဲ့သည်ဟု သိရသည်။ ထို့ပြင် နေ့လယ် (၁) နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန်နှင့် အိမ်ပြင်ထွက်ပါက မည်သူကိုမဆို ပစ်သတ်မည်ဖြစ်ကြောင်းလည်း စစ်အုပ်စုက လိုက်လံကြေညာလျက်ရှိပြီး မြို့ပေါ်ရှိ စျေးဆိုင်ခန်းများအားလုံးလည်း ပိတ်ထား လိုက်ရပြီ ဖြစ်သည်။
• ကျောက်မဲတွင်လည်း မြို့ခံများက မြို့ပေါ်လမ်းမကြီးများပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကိုင်လုံခြုံရေးများ ရှိသည့်ကြားကပင် လူအင်အား ထောင်နှင့်ချီ ပါဝင်သည့် သပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။
• နောင်ချိုမြို့ခံများသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက လမ်းပေါ်တက်ဆန္ဒဖော်ထုတ်ခဲ့ရာ အကြမ်းဖက် စစ်အုပ်စုဘက်က စစ်ကားဖြင့် သပိတ်စစ်ကြောင်းအတွင်း ဝင်တိုက်ကာ ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ နောင်ချို၊ မအိနောင့်လမ်းကြားတွင် အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦး (ဆီးခုံထိမှန်) နှင့် အသက် ၄၀ အရွယ် ဦးဝင်းနိုင် (ဗိုက်ပွင့်) ဒဏ်ရာတို့ဖြင့် ကျဆုံးခဲ့ပြီး တစ်ဦးခြေထောက်ဒဏ်ရာရ ကာ ဆန္ဒပြပြည်သူအချို့ လည်း ဖမ်းဆီးခံခဲ့ရသည်။
• “ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး” နေ့ဖြစ်သည့် ယနေ့တွင် မူဆယ်မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
ရခိုင်ပြည်နယ်
• ရခိုင်၊ ဂွမြို့တွင် ဒေသခံများက “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေး ရေး” ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
နေပြည်တော်
• ပျဉ်းမနားမြို့တွင် ကျောင်းသားသမဂ္ဂလူငယ်များ ခေါင်းဆောင်သည့် ဆိုင်ကယ်သပိတ်မှာ ယခင်ရက်များထက် အင်အား ပိုများလာခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
မေ ၂ သုံးသပ်ချက်
• ရန်ကုန်မြို့တွင်း မြို့နယ်တိုင်းလိုလို၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များရှိခဲ့ကာ စစ်အုပ်စုဘက်ကလည်း ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်အတွက် လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်။ မြို့နယ်အခြေပြု သပိတ်စစ်ကြောင်းများမှာ ယခင် ကထက် လူအင်အားများလာခဲ့နေပြီး မြို့နယ်ဖြတ်ကျော်သပိတ်များပါ ရှိလာပြီး လမ်းမကျွမ်းကျင်သည့်အတွက် ဖမ်းဆီးခံရမှုများ ပိုများလာရခြင်း ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုသတင်းပေးများကြောင့် ညပိုင်းများတွင် ဖမ်းဆီးခံရမှုများ မြင့်တက်လာလျက်ရှိသည်။
• မန္တလေးတွင် သပိတ်စစ်ကြောင်းများအားလုံး အားကောင်းစွာဖြင့် လမ်းပေါ်တက်ခဲ့ကြသော်လည်း သတင်းပေါက်ကြားမှုနှင့် အချို့သပိတ်စစ် ကြောင်းများ ရပ်ခဲ့ရကာ အချို့သပိတ်စစ်ကြောင်းမှ ဆန္ဒပြပြည်သူများ ဖမ်းဆီးခံခဲ့ရသည်။ မန္တလေးတွင် စစ်အုပ်စုဘက်က အရပ်ဝတ်သုံးလက်နက်ကိုင်များ အသုံးပြုမှုကို ဆက်တိုက်ပြုလုပ်လာနေပြီး အချို့အရပ်ဝတ်များမှာ မြို့ခံများနှင့် ခွဲခြားရန် ခက်ခဲနေသည်ကို တွေ့ရသည်။ လမ်းပေါ်သပိတ်များ အားကောင်းနေသည့် မန္တလေးတွင် ခုခံမှုများလည်း အားကောင်းလာကာ တန်ပြန်မှုများလည်း မပြတ်ရှိလာနေပြီ ဖြစ်သည်။
• နယ်မြို့သပိတ်ကြီးများ အားကောင်းစွာ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ကချင်၊ ကယား၊ စစ်ကိုင်း၊ ရှမ်း၊ တနင်္သာရီတို့တွင် ဖြစ်သည်။ ရှမ်းနှင့် ကချင်မြို့ပေါ် သပိတ်များကို အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်ခဲ့သဖြင့် သေဆုံးမှုများ ရှိခဲ့ကာ လုံခြုံရေးတင်းကြပ်မှုများလည်း ပိုတိုးလုပ်ဆောင်လာဖွယ် ရှိသည်။
• စစ်အုပ်စုဘက်က အင်အားကောင်းသည့် သပိတ်များနှင့် နိုင်ငံတဝန်းသပိတ်များ ဖြစ်လာမှုကို လက်နက်သုံး ပစ်ခတ်ဖြိုခွဲရန် ပြင်ဆင်ထားကြောင်းအား ဆန္ဒပြပြည်သူများအား လူသေဆုံးသည်အထိ ပစ်ခတ်၍ သက်သေပြခဲ့သည်။ စစ်အုပ်စုတွင် လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းကိုသာ ဆက်သုံးမည်ဖြစ်ကြောင်း ၎င်းတို့၏ လုပ်ရပ်များက ဖော်ပြနေသည့်အပြင် သတင်းပေးထားရှိကာ သပိတ်ဒေါက်တိုင်များ ဖြိုချရေးကိုလည်း ပိုက်စိပ်တိုက် လုပ်လာလျက် ရှိသည်။
Source – Mizzima News