Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နိုင်ငံအနှံ့ ဆန္ဒပြပွဲများတစ်ပြိုင်နက်ပြန်ပေါ်လာ၊ စစ်ကောင်စီလက်ချက်ဖြင့် ခြောက်ဦးကျဆုံး

မေ 3, 2021
in သတင်း
Reading Time:2min read
Share on FacebookShare on Twitter

နိုင်ငံအနှံ့ငြိမ်းချမ်းစွာဆန္ဒပြစဉ် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပစ်ခတ်သတ်ဖြတ်ခြင်း၊ လုယက်ခြင်း စသည့်အမှုများ ကျူးလွန်ခဲ့သည်ဟု မျက်မြင်သက်သေတို့က ပြောကြသည်

Myanmar Now

Published on May 2, 2021

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ယနေ့(မတ်၂)တွင် နိုင်ငံအနှံ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ တပြိုင်နက်ပြန်လည်ပေါ်ပေါက်လာချိန်တွင် စစ်ကောင်စီက အကြမ်းဖက်နည်းလမ်းကိုပင် ဆက်သုံးခဲ့၍ သေဆုံးခဲ့သည့် အရပ်သား ၆ ဦး  အနည်းဆုံး ရှိကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့သည်။

ရှမ်းပြည်နယ် သီပေါမြို့နှင့် နောင်ချိုမြို့တို့တွင် ၁ ဦးစီ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင်  ၃ ဦး၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ၁ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တရကြမ်းဖမ်းဆီးသည့် အကျင့်ကြောင့် သီပေါမြို့၌ သေဆုံးသူ၏ အမည်ကို မပြောနိုင်သော်လည်း ကွယ်လွန်သူ၏မိသားစုထံ ရုပ်အလောင်းပြန်ပို့ပြီးဖြစ်ကြောင်း ဒေသခံတို့က အတည်ပြုသည်။

နောင်ချိုမြို့ နံနက် ၉နာရီနာရီခန့်အချိန် ဖြိုခွင်းခံရမှုအတွင်း သေဆုံးခဲ့သူမှာ အသက် ၄၀ အရွယ် ဦးဝင်းနိုင်ဖြစ်ပြီး ၎င်းမှာ ဆန္ဒပြပွဲတွင် ပါဝင်သူမဟုတ်ဟု မိသားစုဝန်များက ပြောကြသည်။

“ဆီးခုံမှာ ကျည်ထိသွားတယ်။ အဲဒီမှာပဲ တခါတည်း ပွဲချင်းပြီးသွားတယ်နဲ့ တူတယ်။ အခု လက်ရှိတော့ ရင်ခွဲရုံမှာ ပို့ထားတယ်”ဟု ကွယ်လွန်သူ၏ဇနီး မနှင်းနွယ်က ပြောသည်။ ဦးဝင်းနိုင်ကွယ်လွန်ချိန်တွင် အသက် ၇နှစ်၊ ၄နှစ်၊ ၁နှစ်ခွဲ သမီးသုံးဦးကျန်ရစ်ခဲ့သည်။

အမျိုးသားသုံးဦး ကျည်ထိမှန်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အထွေထွေသပိတ်မှာလည်း စတင်ရန် လူစုနေချိန်၌ပင် ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ်သည်။

“၈ နာရီခွဲလောက်မှာ စပစ်တာ။ အထွေထွေသပိတ် ဆန္ဒပြဖို့ လူစုတာ၊ မထွက်ခင်မှာ ရာဘာကျည် အချက်ပေါင်းမနည်းဘူး။ အဲဒါကို လူတွေက ပြိုမသွားတော့ ကျည်အစစ်နဲ့ပစ်တာ။ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အသက် ၂၂ နှစ် အရွယ် မှတ်ထိရွာသား ကိုမင်းဇင်ဦး ဦးခေါင်းနောက်စေ့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး နဖူးနှင့် လက်တို့တွင်လည်း ရိုက်နှက်ခံထားရသည်ဟု ယူဆရသော ဒဏ်ရာများကို တွေ့ရကြောင်း ဦးလေးဖြစ်သူက ပြောသည်။

“ အပစ်ခံရပြီးကတည်းက သေသွားတာထင်တယ်၊ ကျွန်တော်တို့ ဆေးရုံကို (နေ့လယ် တစ်နာရီခန့်) ရောက်တော့ အလောင်းက တော်တော်တောင့်နေပြီ” ဟု ၎င်းကဆိုသည်။

ဝက်လက်မြို့တွင် ကျဆုံးသူ နောက်တစ်ဦးမှာ ဝမ်းဗိုက်ကျည်ဆန်ထိမှန်ခဲ့သည့် အောင်ချမ်းသာရွာမှ အသက် ၂၄ နှစ်အရွယ် ကိုသီဟအောင်ဖြစ်ပြီး  ဆေးကုသရန် ပို့ဆောင်ခဲ့သည့် မန္တလေးမြို့ရှိ ဆေးခန်းတစ်ခု၌ သေဆုံးခဲ့ကြောင်း မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။

အခြားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ဦးဇော်ဦးမှာ နောက်ကျောမှ ရင်ဘတ်သို့ ထုတ်ချင်းပေါက် ကျည်ထိခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

သေနတ်နှင့် လက်ပစ်ဗုံးသုံး၍ ဖြိုခွင်းခံရသည့် ကချင်ပြည်နယ် ဖားကန့်မြို့ဖြစ်စဉ်တွင် အသက် ၃၃နှစ်အရွယ် ကိုဝေဖြိုးဆိုသူ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မျက်မြင်သက်သေတချို့က ပြောသည်။

“ သူတို့(စစ်တပ်နဲ့ရဲ)က သေနတ်လည်း သုံးတယ်။ ဆုံးသွားတဲ့သူကတော့ သေနတ်မှန်တာ။ …. ဆန္ဒပြတဲ့ လူအုပ်ထဲကို မိုင်း(လက်ပစ်ဗုံး)ပစ်ထည့်သွားတာ”ဟု မြို့ခံတစ်ဦးက ဆိုသည်။

နေ့လယ်ပိုင်းတွင် ဖားကန့်မြို့နယ် မော်ဝမ်းနှင့် လုံးခင်းရပ်ကွက်တို့မှ စစ်အာဏာရှင်ဆန့်ကျင်သူများ မော်ဝမ်းရပ်ကွက် စီးပွားရေးဘဏ်ဟောင်းရှေ့အရောက် စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခြင်းဖြစ်ပြီး လက်ပစ်ဗုံးတစ်လုံးကိုပါ လူအုပ်အတွင်းပစ်ထည့်ခဲ့သဖြင့် ၂၀ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုသို့ အန္တရာယ်များကြားကပင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ထားဝယ်၊ စစ်ကိုင်း၊ ပဲခူး၊ မြိတ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မိတ္တီလာ၊ တောင်ကြီး၊ ပုသိမ်၊ လွိုင်ကော်ကဲ့သို့သော မြို့ကြီးများအပြင် ပုဂံ၊ ဝက်လက်၊ ယင်းမာပင်၊ ဖြူး၊ ဂွ၊ ကလေး၊ ရေး၊ ချောင်းဆုံ၊ ကျောက်မဲ၊ သရက်ချောင်း၊ နမ္မတီး စသည့် မြို့နယ်များတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများကိုလည်း စစ်ကောင်စီက ဖြိုခွင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူ အရေအတွက်အတိအကျကို မသိရသေးပေ။

မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့ လူထုလှုပ်ရှားမှုအပြီး စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုကြောင့် ပြောက်ကျားစနစ်ဖြင့်သာ ဆန္ဒပြနေကြရသည့်ကာလ တစ်လကျော်လာချိန် ယနေ့တွင် ပြည်သူများက အင်အားစုစည်းကာ စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ဆန္ဒပြကြသည်။

ကြိုတင်ကြေညာထားပြီး နိုင်ငံတကာရှိ မြို့ကြီးအချို့တွင်ပါ ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ လူထုလှုပ်ရှားမှုကို ပြည်တွင်း၌ ဟန့်တားနိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မတ် ၂ နံနက် အစောပိုင်းကတည်းပင် အာရုံစိုက်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

ထိုင်၀မ်နိုင်ငံရှိတက်ကြွလှုပ်ရှားသူများသည် အာရှဒေသတွင်း အာဏာရှင်ဆန့်ကျင်သည့်မဟာမိတ်အဖွဲ့ (Milk Tea Alliance)က မြန်မာပြည်သူမျာနှင့်အတူရပ်တည်ကြောင်း မေ ၂ရက်က ဆန္ဒပြနေစဉ်။)

ထိုင်၀မ်နိုင်ငံရှိတက်ကြွလှုပ်ရှားသူများသည် အာရှဒေသတွင်း အာဏာရှင်ဆန့်ကျင်သည့်မဟာမိတ်အဖွဲ့ (Milk Tea Alliance)က မြန်မာပြည်သူမျာနှင့်အတူရပ်တည်ကြောင်း မေ ၂ရက်က ဆန္ဒပြနေစဉ်။)

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာ၌ဆိုလျှင် ယနေ့(မတ်၂) နံနက် ၅နာရီ ခန့်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြဖူးသူများအနက်မှ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်မိနိုင်၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသန်းစိုးနှစ်ဦးကို အကြမ်းဖက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ပဲခူးတိုင်းအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲများကို ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ဇီးကုန်း၊ ဒိုက်ဦး၊ လက်ပံတန်း စသည့် မြို့နယ်တို့တွင် ယနေ့ တွေ့ခဲ့ရသည်။

ထိုလှုပ်ရှားမှုများအနက် ညောင်လေးပင်မြို့နယ်တွင် ဒေသခံလူငယ်တစ်ဦး အဖမ်းခံလိုက်ရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာတွင်မူ လူထုဆန္ဒပြပွဲကို ဖြိုခွင်းပြီးနောက် ဒေသခံများ၏ ဆိုင်ကယ်အစီး ၅၀ ခန့်ကို ယူဆောင်သွားသည်အထိ စစ်ကောင်စီတပ်ဖွဲ့က ရမ်းကားခဲ့ကြောင်း ဒေသခံအချို့က အတည်ပြုထားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာတွင် ယနေ့(မေ ၂)လှုပ်ရှားမှုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် ဆန္ဒပြရန် ပြင်ဆင်နေစဉ် စစ်တပ်က ဝင်ရောက်ဖြိုခွဲပြီး ဒေသခံများ၏ ဆိုင်ကယ်အချို့ကို ယူဆောင်သွားစဉ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာတွင် ယနေ့(မေ ၂)လှုပ်ရှားမှုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် ဆန္ဒပြရန် ပြင်ဆင်နေစဉ် စစ်တပ်က ဝင်ရောက်ဖြိုခွဲပြီး ဒေသခံများ၏ ဆိုင်ကယ်အချို့ကို ယူဆောင်သွားစဉ်

အကြမ်းဖက်သတ်ဖြတ်မှုများ ချက်ခြင်းရပ်ဆိုင်းရန် အာဆီယံခေါင်းဆောင်များ တိုက်တွန်းပြီးချိန် တပတ်ကျော်ကြာအချိန်အထိ အာဏာသိမ်းစစ်ကောင်စီက ထိုသို့ပြုမူနေခြင်းဖြစ်သည်။

ရဲနှင့် စစ်သားတို့က အရပ်သားဟန်ဆောင်ပြီး ကားဖြင့် ဝင်တိုက်လေ့ရှိသဖြင့် နိုင်ငံတဝှမ်းဆန္ဒပြမည့် ယနေ့တွင် မော်တော်ယာဉ်မောင်းနှင်ပါက ဘေးမှန်ဖွင့်ပြီး မောင်းခြင်းဖြင့် ဆန္ဒပြသူတို့ကို ကူညီရန် အွန်လိုင်းတွင် ကြိုတင်လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ယနေ့ လူစုခွဲချေမှုန်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီက အရေးယူမည်ဟု ခြိမ်းခြောက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ ယမန်နေ့ (မေ ၁) အထိ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၅၉ဦး အနည်းဆုံး သေဆုံးရပြီဖြစ်ပြီး လူပေါင်း ၄၆၀၀ ခန့် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6665 )

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး
သတင်း

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist