Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဆီယံဆွေးနွေးမှုကို လျစ်လျူရှုပြီး စစ်ကောင်စီ ဆက်လက်အကြမ်းဖက်နေ

April 28, 2021
in သတင်း
Reading Time:3 mins read
Share on FacebookShare on Twitter

အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်များသည် အတိုင်းအတာတစ်ခုအထိ အားကောင်းခဲ့သော်လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် နေ့စဉ်သေဆုံးမှုများကို ကြည့်ခြင်းအားဖြင့် အာဆီယံသည် ထိရောက်သည့်တားဆီးမှု မပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်

Myanmar Now

Published on Apr 28, 2021

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပသော အာဆီယံအထူးထိပ်သီးအစည်းအဝေး၌ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန် ဆွေးနွေးခဲ့ကြသော်လည်း အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်အကြမ်းဖက် ဖိနှိပ်နေဆဲဖြစ်သည်။

ရန်ကုန်မြို့တွင် နေ့စဉ် ညနေ ၆ နာရီနောက်ပိုင်း တိတ်ဆိတ်ခြောက်ကပ်သွားပြီး စစ်တပ်က ပြည်သူများကို ဆဲဆို၊ အကြမ်းဖက်ခြင်းများ ပုံမှန်အတိုင်း ပြုလုပ်နေဆဲဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညကလည်း လမ်းထဲဝင်လာပြီး သံပုံးတီးတဲ့ အိမ်တွေကို စိန်ခေါ်တယ်။ သတ္တိရှိရင်တီးပေါ့။ ဆဲဆိုပြီး အိမ်တွေကို ဂွနဲ့ပစ်တယ်။ ညတိုင်းလိုလို လာခြိမ်းခြောက်ပြီး လုပ်နေတာ။ အမေနဲ့ကိုင်ဆဲပြီး သတ္တိရှိရင် ဆက်တီးပေါ့။ ကျွန်တော့်အိမ်တောင် ထိသွားသေးတယ်”ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေ့ချင်းပြန် တက်ရောက်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ၅ ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ စေ့စပ်ဆွေးနွေးရေးနှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ပြုရေးတို့ပါဝင်သည်။

အာဆီယံအစည်းအဝေးအပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် အစည်အဝေးဆုံးဖြတ်ချက်များကို လုံးဝဖော်ပြထားခြင်း မရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကြိုဆိုပုံနှင့် အစည်းအဝေးကို မည်သို့ကျင်းပကြောင်းသာ ဖော်ပြထားသည်။

“ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်များကို အလေးထားစဉ်းစားမည်ဖြစ်ကြောင်း” အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (ဧပြီ ၂၇) ထပ်မံထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးအစည်းအဝေးနှင့်အတူ အရပ်သားပြည်သူများ ဆက်လက်သေဆုံးနေ

မြန်မာ့အရေး အာဆီယံအစည်းအဝေးတက်ရောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ − EPA)

မြန်မာ့အရေး အာဆီယံအစည်းအဝေးတက်ရောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ − EPA)

အာဆီယံအစည်းအဝေးကျင်းပသည့် ဧပြီ ၂၄ မှ ၂၇ အထိ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဆက်လက်ကျူးလွန်နေဆဲပင်ဖြစ်သည်။

အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်များသည် အတိုင်းအတာတစ်ခုအထိ အားကောင်းခဲ့သော်လည်း လက်နက်မဲ့ ပြည်သူလူထုအပေါ် နေ့စဉ်ကျူးလွန်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် သေဆုံးမှုများကို ကြည့်ခြင်းအားဖြင့် အာဆီယံသည် ထိရောက်သည့်တားဆီးမှု မပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

“အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံးသည့် ညတွင်ပင်လျှင် အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ရဲနှင့် စစ်သားများသည် အမျိုးသမီးများအပါအဝင် ပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်နှင့် မညီဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို လူမြင်ကွင်း၌မရှောင် ကျူးလွန်ခဲ့သည်” ဟု AAPP က ဆိုသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ကားတာယာမီးရှို့သည့် လူငယ်တစ်ဦးကို အရပ်ဝတ်ဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ခဲ့ရာ ဦးခေါင်းနှင့် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာဖြင့် ဧပြီ ၂၄ တွင် သေဆုံးခဲ့သည်။

ထိုနေ့ညပိုင်းကပင် စစ်ကိုင်းတိုင်း၊ မြောင်မြို့၌ အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး မိနစ်ပိုင်းအကြာ၌ သေဆုံးသွားခဲ့သည်။ အဆိုပါ အမျိုးသမီးသည် ရောဂါအခံကြောင့် သေဆုံးသွားသည်ဟုဆိုသော်လည်း အပြစ်မဲ့ အရပ်သားများကို လက်လွတ်စပယ် ဖမ်းဆီးခြင်းကြောင့်သာ မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်လာသည်ဟု AAPP က ဆိုသည်။ 

အလားတူ ဧပြီ ၂၄ တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူတစ်ဦး၊ ဧပြီ ၂၅ တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တို့မှ ပြည်သူ ၂ ဦး သေဆုံးခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။

ဧပြီ ၂၆ ညက မန္တလေး၊ မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ စိန်ပန်းရပ် အထက ၂၄ ကျောင်းတွင် တပ်စွဲကာ အနီးအနားရပ်ကွက်များကို ညစဉ် ပစ်ခတ်နေသည့် စစ်တပ်ကြောင့် ထမင်းကြော်ရောင်းသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့သည်။

ယမန်နေ့တွင်လည်း ကယားပြည်နယ်၊ ဒီမောဆိုမြို့၌ စစ်တပ်က ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြသည်။

လူ့အခွင်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေ

ထိုသို့ ပစ်ခတ်မှုများအပြင် လူ့ဂုဏ်သိက္ခာကို အရှက်ရစေရန် ရည်ရွယ်ပြီး အရပ်သားပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက ဆက်လက်ဖိနှိပ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ညက ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် သံပုံးတီးသူများကို အိမ်ပေါ်အထိ လိုက်လံဖမ်းဆီးခဲ့ပြီး သံပုံးတီးသူ အမျိုးသမီးတချို့ကို လမ်းမပေါ်တွင် သံပုံးတီး၍ အတင်းအဓမ္မ ကပြခိုင်းကာ စစ်သားများက ဝိုင်းကြည့်လှောင်ပြောင်ခဲ့ကြသည်။

၎င်းအမျိုးသမီးများ သံပုံးတီးရပ်လျှင် ဆဲဆိုရိုက်နှက်ကာ သံပုံးတီးသည့် အိမ်များကိုလည်း ခဲဖြင့် ပစ်ပေါက်ခဲ့သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူမြင်ကွင်းရှေ့တွင် အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် လက်နက်အားကိုး၍ အတင်းအကျပ်ခိုင်းစေခြင်း၊ ပြည်သူများအပေါ် ရန်သူသဖွယ် အငြိုးထား၍ ပြုမူဆက်ဆံခြင်းသည် ရက်စက်ယုတ်မာသော လုပ်ရပ်ဖြစ်ပြီး တရားမဲ့လုပ်ရပ်များကို အတားအဆီးမရှိ (စစ်တပ်က) ကျူးလွန်လျက်ရှိသည်” ဟု AAPP က ဆိုသည်။

ထိုအပြင် စစ်ကောင်စီသည် ကျား၊ မ ဖြစ်တည်မှုကိုလည်း အရှက်တကွဲဖြစ်စေရန် ရည်ရွည်ချက်ရှိရှိ ပြုလုပ်လျက်ရှိသည်။

ဧပြီ ၂၄ ညက ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ မိန်းမကဲ့သို့ ပြုမူနေထိုင်သူ (Transgender) တစ်ဦးကို စစ်တပ်က အမျိုးသားဝတ်ပုဆိုးကို အတင်းအကျပ်ဝတ်ခိုင်းကာ လှောင်ပြောင်ခဲ့ကြသည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၅ က တာမွေမြို့နယ်တွင် ညအချိန် သပုံးတီးနေသည့် နေအိမ်များကို စစ်ကောင်စီလက်နက်ကိုင်များက လေးခွဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက လမ်းသွားလမ်းလာတွေကိုတောင် ဆဲဆိုပြီး ခေါ်တယ်။ ခဏစစ်ပြီး ပြန်လွှတ်ပေးလိုက်တာတော့ တွေ့လိုက်တယ်။ သူတို့တွေ လမ်းထဲဝင်လာတဲ့အချိန် ကျွန်တော့်ဘေးက အိမ်က တံခါးပိတ်လိုက်တာ လေးဂွနဲ့ လှမ်းပစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆန္ဒထွက်ပြမယ့်သူတွေရှိရင် ကျွန်တော်တို့ ထွက်မယ်။ သူတို့ အုပ်ချုပ်တာကို လုံးဝလက်မခံဘူး” ဟု တာမွေမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

CDM ဆရာဝန်များကို အတင်းအကျပ်ဖိနှိပ်လာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို စတင်ဆင်နွှဲခဲ့သော ဆရာဝန်များကို  ပုဒ်မ ၅၀၅−က ဖြင့် ဖမ်းဝရမ်းထုတ်ကာ စစ်ကောင်စီက နေ့စဉ်ထုတ်ပြန်ကြေညာလျက်ရှိသည့်အပြင် သက်ဆိုင်ရာမိသားစုဝင်များကိုပါ ဖိအားပေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လာသည်။

ဧပြီ ၂၆ မွန်းလွဲပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၌ အသက် ၃၁ နှစ်အရွယ် ဒေါက်တာယုစန္ဒာမိုးကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် အသက် ၆၀ အရွယ် ဖခင်ဖြစ်သူနှင့် တက္ကသိုလ်တက်နေသည့် ညီမဖြစ်သူတို့ကို စစ်တပ်က ဖမ်းခေါ်သွားသည်။ ဒေါက်တာယုစန္ဒာမိုးသည် အစိုးရဆေးရုံတွင် လုပ်ကိုင်နေသည့် ဆရာဝန်မဟုတ်ကြောင်း၊ မိသားစုနှင့်လည်း အဆက်သွယ်ပြတ်နေကြောင်း နီးစပ်သူများက ပြောသည်။

ဧရာတီတိုင်း၊ ပုသိမ်မြို့၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဆရာဝန်များ အလုပ်ပြန်ဆင်းရေးအတွက် မိသားစုဝင်များကိုပါ ဖိအားပေးခြိမ်းခြောက်ခဲ့သည်။

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းဆေးရုံမှ CDM လက်ထောက်ဆရာဝန်များ အလုပ်ပြန်ဝင်ရန် သက်ဆိုင်ရာမိဘများထံ စစ်ကောင်စီက ဧပြီ ၂၆ တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

“အမြန်ဆုံး အလုပ်ပြန်လည်ဝင်ရောက်နိုင်ရေး ၎င်းတို့၏ မိဘများမှ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဖော်ပြပါအစီအစဉ်အတိုင်း တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်သဖြင့် ကာယကံရှင်မိဘများ မပျက်မကွက် (မပျက်မကွက်) တက်ရောက်နိုင်ရေး ဖိတ်ကြားပေးနိုင်ပါရန်” ဟု ဧရာ၀တီတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏စာတွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီက CDM ဆရာဝန် ၃၀၀ ကျော်ကို ပုဒ်မ ၅၀၅−က ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။

အရှိန်မလျော့သေးသော အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းမှုများ

မန္တလေးမြို့တွင် ဧပြီ ၂၄ ရက်က စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ဝိုင်းဝန်းသယ်ဆောင်နေစဉ်။ (ဓာတ်ပုံ − ပေးပို့)

မန္တလေးမြို့တွင် ဧပြီ ၂၄ ရက်က စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ဝိုင်းဝန်းသယ်ဆောင်နေစဉ်။ (ဓာတ်ပုံ − ပေးပို့)

​အာဆီယံအစည်းအဝေးကျင်းပပြီးချိန်မှ ယနေ့အထိ အာဏာသိမ်းစစ်ကောင်စီက အမြို့မြို့အနယ်နယ်တွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ဧပြီ ၂၄ နံနက်ပိုင်းတွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၅ ဦးထက်မနည်း ရိုက်နှက်ဖမ်းဆီးခံခဲ့သည်။

ထိုနေ့၌ပင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာတွင်လည်း ရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်စီးနင်းခဲ့ပြီး လက်ကိုင်ကွန်ပျူတာ အလုံး ၂၀ ကို ပေါ်ပေါ်ထင်ထင်လုယက်ခဲ့သည်။

သပြေအေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသောဘိတက “ကျောင်းသားလေးတွေရဲ့ သေတ္တာတွေကအစ မွှေနှောက်ဖျက်ဆီးသွားတယ်” ဟု Myanmar Now ကို မိန့်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာတွင် စစ်တပ်က အထိုင်ချတပ်စွဲ၍ အနီးအနားကျေးရွာများကို ဝင်ရောက်ရှာဖွေဖျက်ဆီးနေသောကြောင့် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ ထွက်ပြေးနေရဆဲဖြစ်သည်။

ဧပြီ ၂၄ ညပိုင်းက ချင်းပြည်နယ် မင်းတပ်မြို့၌ ပြည်သူ ၆ ဦးကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ရာ ထိုဖမ်းဆီးခံရသူများပြန်လွှတ်ပေးရန် ပြည်သူများက တောင်းဆိုစဉ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည်အထိ အခြေအနေတင်းမာခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက်ညပိုင်းမှ ယမန်နေ့အထိ ဒေသခံလူထုနှင့် စစ်ကောင်စီတပ်များအကြား အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဧပြီ ၂၄ က ပြုလုပ်နေသော စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်ကယ်သပိတ်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ပြီး ကားဖြင့်တိုက်၍ ဖြိုခွင်းမှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အာဆီယံ၏ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် စစ်တပ်က မမှန်မကန်လှည့်ဖြားမည်ကို စိုးရိမ်ပူပန်လျက်ရှိပြီး စစ်ကောင်စီက အာဆီယံသဘောတူညီချက်များကို လိုက်နာခြင်းရှိမရှိ အာဆီယံအနေဖြင့် အမြဲမပြတ် စောင့်ကြည့်ကြပ်မတ်သည့် နည်းစနစ်တစ်ခုရှိရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ (ဧပြီ ၂၇) အထိ အာဏာသိမ်းစစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၇၅၅ ဦး သေဆုံးခဲ့ရကာ ၄၄၉၆ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း AAPP က ထုတ်ပြန်ထားသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6628 )

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English