စစ်သင်တန်းတက်နေတဲ့လူငယ်တွေရဲ့ ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်တဲ့ကိစ္စနဲ့ပတ်သက် ပြီး လူပြောများနေကြတယ်။ အဲဒီလိုပုံတွေဟာ လုံးဝမတင်သင့်တဲ့အကြောင်း၊ စစ်သူပုန်တွေသတိပြုမိပြီး ဒု က္ခပေးနိုင်တဲ့အကြောင်းပြောကြတယ်။ ဆိုရှယ်မီဒီယာဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်အန္တရယ် ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် အာဆီယံအရေးပေါ်အစည်းအဝေးကို မအလက အွန်လိုင်းကနေပဲတက် ဖို့တောင်းဆိုတယ်လို့သတင်းထွက်ပါတယ်။ ဒါဟာ သူကြောက်နေလို့ဆိုတဲ့သက်သေပါပဲ။ မြန်မာနိုင်ငံရဲ့ ပြင်ပကိုထွက်ရင် သူ့အသက်သေမှာတော့ သူကြောက်တတ်တယ်။ မြန်မာနိုင်ငံသားတွေကိုတော့ တစ် နေ့တစ်မျိုး နည်းလမ်းပေါင်းစုံနဲ့နှိပ်စက်နေလေရဲ့။
မနက်ဖြန်တော့ လူတော်တော်များများရုံးတက်ကြဖို့ပြောနေကြတယ်။ ရုံးမသွားရင်လည်း အငတ်ဘေး ဆိုက်ကြရတော့မယ်လေ။ အဲဒီတော့ သွားသင့်၊ မသွားသင့်ကိုလည်း ဆွေးနွေးနေကြတာတွေ့တယ်။ ကျွန်တော်တို့ဘဝတွေ ဘယ်နေ့မှာတော့ မအလ လက်အောက်က လွတ်မြောက်ကြရပါ့မလဲ။