Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရွှေဘို၊ သီလုံးကျေးရွာတွင် စစ်ကောင်စီ တပ်စွဲပြီး ပစ်ခတ်ဖမ်းဆီးနေ

ဧပြီ 19, 2021
in သတင်း
Reading Time:2min read
Share on FacebookShare on Twitter

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရွှေဘိုမြို့ သီလုံးကျေးရွာတွင် ဒေသခံများ၊ NLD ပါတီဝင်များကို ပစ်ခတ်ဖမ်းဆီးနေပြီး အစားအစာများ လုယူနေသည်

Myanmar Now

Published on Apr 19, 2021

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ် ရောက်ရှိနေပြီး ၄ ရက်အတွင်း ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဧပြီ ၁၆ ညပိုင်းတွင် စစ်ကား ၂၂ စီး ရောက်ရှိလာကာ ထိုရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ဦးဖိုးဝေမြင့် ပိုင်ဆိုင်သော မြေနေရာ၌ တပ်စွဲထားပြီး ပစ်ခတ်ဖမ်းဆီးနေသည်ဟု သိရသည်။

အဖမ်းခံထားရသူများထဲမှ USDP ပါတီနှင့် ဆက်စပ်နေသူ ၂၀ ခန့်ကို ပြန်လွှတ်ပေးသည်ဟု ဆိုသည်။

၎င်းကျေးရွာနှင့် ရွာနီးစပ်ချုပ်ရွာများသည် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း စုပေါင်းဆန္ဒပြခဲ့ကြပြီး သီလုံးကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီခန့်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို လက်မခံကြောင်း ကန့်ကွက်နေကြသည်။

အဆိုပါရွာရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သော အရိုးအကြောအထူးကုဆရာဝန်တစ်ဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ထိုဆရာဝန်အိမ်တွင် ရှိမနေကြောင်း၊ ၎င်း၏မိခင် အသက် ၅၀ အရွယ် ဒေါ်ခင်စန်းကို စစ်တပ်က ဖမ်းခေါ်သွားကြောင်း သိရသည်။

ယနေ့ (ဧပြီ ၁၉) နံနက် ၁၀ နာရီဝန်းကျင်ခန့်၌ စစ်ကောင်စီတပ်များက ရွာအတွင်း လှည့်လည်ပစ်ခတ်နေသည်ဟု သိရသည်။

“ခြေလျှင်နဲ့တစ်မျိုး၊ ကားနဲ့တစ်မျိုး၊ အမျိုးမျိုး လှည့်ပြီးတော့ ပတ်ဖမ်းနေပါတယ်။ ရွာထဲမှာလည်း အခု ဘယ်သူမှ မနေရဲပါဘူး။ အဖိုးကြီး၊ အဖွားကြီးကအစ အတော်ဒုက္ခရောက်နေတယ်။ ပြေးနေရတယ်”ဟု ၎င်းဒေသခံက ပြောသည်။

စားစရာများလည်း စစ်တပ်က လုယူခဲ့ကြောင်း၊ ဖမ်းခံရသူများအနက် ၃၀ ကျော်မှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လေ့ရှိသော်လည်း လတ်တလောတွင် တရားစွဲအမှုဖွင့်ခံရသည့် ပုဒ်မကို မသိရသေးပေ။

ထို့ပြင် သီလုံးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၏ နေအိမ်များကို ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများလည်း ယူဆောင်သွားကြသည်ဟု ရွာခံတစ်ဦးက Myanmar Now ကို ပြောသည်။

“NLD အိမ်တွေမှန်သမျှ အကုန်ရိုက်ဖျက်သွားတယ်။ ပြီးတော့ အဲ့ဒီက ပစ္စည်းတွေလည်း အကုန်ယူသွားတယ်။ သူတို့က ရိုက်ဖျက်ပြီးတော့ သူ့တို့က ဒီရပ်သူရွာသားတွေက ဖျက်ပါတယ်ဆိုပြီးတော့ ပြန်ပြီးတော့ သတင်းလွှင့်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သီလုံးရွာ၏ အနီးဝန်းကျင်ရွာများဖြစ်သော နှမစားရစ်၊ ဇီးဖြူကုန်း၊ ဆင်အင်း၊ မြင်းစီး၊ ကျားရွာ စသည့် ရွာများမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

“ညဆိုလည်း ပစ်ခံရမှာစိုးလို့၊ ကျွန်တော်တို့မိသားစုတွေ အကုန်လုံးတိမ်းရှောင်ပြီးတော့၊ အသက်ကြီးတာတွေရော၊ ငယ်တာတွေရော ပုန်းနေရတယ်”ဟု နှမစားရစ်ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ရွှေဘို၊ မုံရွာ၊ ကလေးဝ၊ တမူး၊ ကလေး၊ ယင်းမာပင်တစ်ကြောရှိ ကျေးရွာများအား အာဏာသိမ်းစစ်တပ်က အပြင်းအထန်ဖိနှိပ်ပစ်ခတ်နေသည်။

ဒေသတွင်း ပစ်ခတ်၊ ဖမ်းဆီး၊ လုယက်၊ အနိုင်ကျင့်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြောခွင့်အရာရှိကို ဆက်သွယ်၍ မရသေးပေ။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6547 )

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး
သတင်း

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist